ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကတ်ပြားများ ယူဆောင်သွားလာမှု ရှိ၊ မရှိ စစ်ဆေးပြီး နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကတ်ပြားများ ယူဆောင်သွားလာမှု ရှိ၊ မရှိ စစ်ဆေးပြီး နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ

 


MNP - မတ်    ၃၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပျံ့ပွားမှု ကင်းစင်ပပျောက်စေရေးအတွက် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသည့် ခရီးသွားပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုး ကတ်ပြားများ ယူဆောင်သွားလာမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့အဝင်ဂိတ်တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျောင်းတွင်းရပ် ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ငဖဲမြို့ အဝင်ဂိတ် တွင် ဖြတ်သန်းသွားလာနေကြသော ပြည်သူများအား မြို့နယ်တွင်း အိုမီခရွန် မျိုးကွဲသစ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပျံ့ပွားမှု ကင်းစင်ပပျောက်စေရေးအတွက် အိမ် အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (mask) ကို စနစ်တကျတပ်ဆင်သွား လာရန်၊ မြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုး ကတ်ပြားများ ယူဆောင်သွားလာမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ ကာကွယ် ဆေးထိုးနှံခြင်း မရှိသေးသူများကို ကျေးရွာများအလိုက် ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး သွားရောက်ထိုးနှံသွားရန်နှင့် စစ်ဆေးနေစဉ်အတွင်း ဆေးထိုးကတ်ပြားမရှိပါက ခရီးသွား လာခွင့်မပြုဘဲ မိမိနေရပ်သို့ပြန်လည်စေလွှတ်ခြင်း၊ ကာကွယ်ဆေးများထိုးနှံပြီးစီးပါက ဆေးထိုးနှံပြီးစီးကြောင်း အသိအမှတ် ပြုလက်မှတ် ရယူထားရန်နှင့် နောင်တွင် ဆေးထိုးနှံ ပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်ပြသနိုင်မှသာ မြို့နယ်အတွင်း ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း (mask) တပ်ဆင်သွားလာခြင်း မရှိသည့် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးပြီး လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲရေး အသိပညာပေး လက်ကမ်းစာစောင် များကို  ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - မယု 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)