မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရာဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရာဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ



                      

MNP - မတ်    ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါပိုးကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာ ခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ် ကွက်အတွင်းရှိ  လမ်းဆုံ/ လမ်းခွများ၊ လူစည်ကားရာနေရာများရှိ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေဆောင်ရွက်ရာတွင် မြောက်ဦး မြို့နယ် အတွင်းရှိ  နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ၊ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော အဓိကလိုက်နာ ရမည့် အချက် များအား အလေးထားလိုက်နာကြရန်၊ မိဘပြည်သူများအနေ ဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များမဖြစ်မနေ တပ် ဆင်သွားလာကြရန် အသိပညာပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များစနစ်တကျတပ်ဆင်စေခြင်များ ပြုလုပ် ဆောင်ရွက်ခဲ့ပြီးနောက်ဈေး ရောင်း ဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများ၊ အငှားယာဉ် မောင်း နှင်သူများ နှင့်ခရီး သွား ပြည်သူများကို နှာခေါင်းစည်းများတတ်ဆင်သွားလာစေခြင်း၊ နှာ ခေါင်းစည်း(Mask) မပါရှိသူ များ အား  ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)