MNP - မတ် ၂၈
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ပြည်သူများအနေဖြင့် အပြင်သို့သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း(Mask) များ စနစ်တကျ တပ်ဆင် သွားလာမှုရှိစေရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက် ၁၀ နာရီမှ နံနက် ၁၁ နာရီအထိ သီရီမင်္ဂလာဈေးရှေ့နှင့် ဈေးအတွင်းရှိ ပြည်သူ များအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ် ကိုဗစ်-၁၉ရောဂါ အရေးပေါ်ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမိုးထက်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် လိုက်နာ ရမည့်အချက်များ၊ လက်ကို HandGel (သို့မဟုတ်)ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်နှင့် လူစုလူဝေးနေရာများ သွားလာခြင်းမှ ရှောင်ကြရန် စသည့်အချက်များကို အသိပညာပေးဆောင်ရွက်ပေးခဲ့ပြီး အိုမီခရွန်ရောဂါ လက္ခဏာ အသိပညာပေးစာစောင်များနှင့် နှာခေါင်းစည်း (Mask) (၆၀၀၀) ခုကို ဈေးရောင်း ဈေးဝယ်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment