မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်‌ဆောင်မှုလုပ်ငန်း ( Merchant Acquiring) များ၏ MMQR ဖြင့် ငွေပေးချေမှုလုပ်ငန်းများကို အများပြည်သူသို့ မိတ်ဆက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်‌ဆောင်မှုလုပ်ငန်း ( Merchant Acquiring) များ၏ MMQR ဖြင့် ငွေပေးချေမှုလုပ်ငန်းများကို အများပြည်သူသို့ မိတ်ဆက်



MNP ၊ မတ် ၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်‌ဆောင် မှုလုပ်ငန်း (Merchant Acquiring) များ၏ MMQR ဖြင့် ငွေပေးချေမှုလုပ်ငန်းများကို အများပြည်သူသို့ မိတ်ဆက်ခြင်း အခမ်းအနားအား ယမန်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိ Learning & Training Center ၌ Video Conferencing ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် Video Conferencing ဖြင့် ဖိတ်ကြားထားသော နိုင်ငံတော်ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင်များဖြစ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေ အကြံဉာဏ်ပေးရေးဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ အကြီးအကဲများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးစည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများ၊ မြန်မာငွေပေးချေမှုအဖွဲ့နှင့် Merchant Acquiring ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် သူများ၏ Merchant တို့မှ တာဝန်ရှိသူများ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိုင်ငံတော်မှ ဖော်ဆောင်လျက်ရှိသည့် ဒစ်ဂျစ်တယ်စီးပွားရေးသို့ အသွင်ကူးပြောင်းရေးအတွက် အထောက်အကူ ဖြစ် စေရန် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေပေးချေမှုဆိုင်ရာ အခြေခံ အဆောက် အအုံအတွက် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် RTGS System နှင့် Retail Payment အတွက် ACH အပြင် Card Payment များအတွက် MPU Switch တို့ကိုတည်ထောင် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ မကြာမီအချိန်တွင် MMQR ကို အသုံးပြု၍ ဘဏ်များ၊ မိုဘိုင်း ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်မည့် Real Time Retail Payment Network ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း Payment Instrument များ၊ Payment Channel များ ပိုမိုတိုးတက် များပြားလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း ဘဏ်များအား မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းပေးလုပ်ငန်းတို့ကို ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ အဖွဲ့အစည်း အချို့ကို Transporation Card၊ Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း၊


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမျိုးသားငွေပေးချေမှုစနစ်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ချမှတ်ခဲ့ပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမှီသည့် နေရာ၊ ကဏ္ဍများအထိ ရယူအသုံးပြုနိုင်ရန်နှင့် ဘဏ်များနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်များအထိ ဘဏ်များ ၏ Network ကို ဖြန့်ကျက်ဆောင်ရွက်နိုင်ရန်အတွက် ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်း ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ (၇/၂၀၂၀)အရ  ဘဏ်မဟုတ်သောကုမ္ပဏီများဖြစ်သည့် Merchant Acquiring လုပ်ငန်းဆောင်ရွက်မည့် Nature Link Travel and Tours Co.,Ltd (Brand Name-Trusty) ၊ Internet Wallet Myanmar Co.,Ltd (Brand Name-OK$) ၊ Zego Pay Co.,Ltd           (Brand Name-Zego) နှင့် Unipay Co.,Ltd (Brand Name - Unipay)စသည့် ကုမ္ပဏီ (၄) ခုအား ခွင့်ပြုပေးပြီး ဘဏ်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ခွင့်ပြုခဲ့ပါကြောင်း၊  Acquirer များ အနေဖြင့်  ငွေပေးချေမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် MMQR Standard နှင့်အညီ QR ဖြင့် ငွေပေးချေနိုင်ရန် ဆောင်ရွက်ထားပါကြောင်းနှင့် အများပြည်သူမှ QR Code ဖြင့် ပေးချေမှုများ ကိုလွယ်ကူစွာအသုံးပြုနိုင်ရန်အတွက် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်ပြီး Merchant Acquiring လုပ်ငန်းများဆောင်ရွက်နေသော  ကုမ္ပဏီများမှ ၎င်းတို့၏ Application အသုံးပြုဆောင်ရွက်ခဲ့ပုံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အများပြည်သူသို့ မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး Merchant Acquiring ဝန် ဆောင်မှုလုပ်ငန်းနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း ချိတ်ဆက်ဆောင်ရွက်ပုံကို ဧရာဝတီဘဏ်လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးငြိမ်းချမ်းစိုးဝင်းမှလည်းကောင်း၊ Third Party Acquirer များ များပြားလာပါက MPU Card ပေးချေမှုများ များပြားလာခြင်းနှင့်စပ်လျဉ်း၍ Myanmar Payment Union (MPU) မှ အမှုဆောင် ဒါရိုက်တာ ဦးဇော်လင်းထွဋ်မှလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။


မိတ်ဆက်အခမ်းအနားသို့ တက်ရောက်လာကြသော အကြီးအကဲများမှ သိရှိလိုသည်များနှင့် အကြုံပြုချက်များအား ဆွေးနွေးပြောကြားခဲ့ပြီး ထိုဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး နိဂုံး ချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)