အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) သို့ တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ ပါဝင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်) ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) သို့ တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ ပါဝင်သော စစ်ရေယာဉ်(ဆင်ဖြူရှင်) ပြန်လည်ရောက်ရှိ



MNP ၊ မတ် ၈

အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒေသတွင်းရေတပ်များ တွေ့ ဆုံပွဲ(MILAN-2022)အခမ်းအနားသို့တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ ဓညဝတီရေတပ် စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင်သော အရာရှိ၊ စစ်သည် များပါဝင်သည့် စစ်ရေယာဉ်(ဆင်ဖြူရှင်)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိရာ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆို နှုတ်ဆက်ကြသည်။

အဆိုပါ ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ(MILAN-2022)ကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက် အထိကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်)အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၂ စီး ပါဝင်တက်ရောက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၃၉ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ Subject Matter Expert Exchange Program သို့ တက်ရောက်ဆွေးနွေးခြင်း၊ ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ International City Parade ၌ ပါဝင်ဆောင်ရွက် ခြင်း၊ MILAN Village တွင် နိုင်ငံတကာယဉ်ကျေးမှုပြပွဲ၌ ကပြဖျော်ဖြေခြင်း၊ ရိုးရာအစားအစာ များ တည်ခင်းဧည့်ခံခြင်းနှင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ဗုဒ္ဓဂယာနှင့် တာ့ချ်မဟာ(Taj Mahal)သို့ သွားရောက်လည်ပတ်ခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံတကာ စစ်ရေယာဉ်များနှင့်ပူးပေါင်း၍ ပင်လယ်ပြင် လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။ စစ်ရေယာဉ်(ဆင်ဖြူရှင်)ဖြင့် ယခုသွားရောက်ခဲ့သည့် ခရီးစဉ်အသွား/အပြန်သည် စုစုပေါင်း ရေမိုင် ၃,၀၂၀ မိုင်ခန့်ရှိကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)