ပေါင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ် လုံခြုံအေးချမ်းစွာ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမနေ့) မြန်မာစာဘာသာရပ် လုံခြုံအေးချမ်းစွာ စတင်ဖြေဆို

 




MNP ၊ မတ် (၃၁)

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှ စတင်ကာ နိုင်ငံတဝှမ်း၌ မြန်မာစာဘာသာရပ်ကို တစ်ပြိုင်နက် စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်မှ စာစစ်ဌာန ၇ ခုသို့ လာရောက်ဖြေဆိုသူ (၉၄.၃၀)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ပေါင်မြို့နယ်တွင် အ.ထ.ကပေါင်၊ အ.ထ.က-နတ်ကြီးချောင်၊ အ.ထ.ကအလှပ်၊ အ.ထ.ကမုတ္တမ၊ အ.ထ.ကဇင်းကျိုက်၊ အ.ထ.ကရင်းငြိမ်၊ အ.ထ.ကသဲကုန်း စာစစ်ဌာန (၇)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုခွင့်ရှိသူ (၉၆၅)ဦးရှိသည့်အနက် ကျောင်းသားကျောင်းသူ(၉၁၀)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံကောင်စီဥက္ကဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် ကျောင်းများကို စာသင်နှစ်အပြည့် ဖွင့်လှစ်နိုင်ခြင်းမရှိ‌ခဲ့သော်လည်း နိုင်ငံတဝှမ်းမှ တိုင်းနှင့်ပြည်နယ်အသီးသီး၊ နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန စုစုပေါင်း ၁၂၀၀ ကျော်မှာ ကျောင်းသားကျောင်းသူဦးရေ သုံးသိန်းကျော် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်လျှောက်လွှာတင်သွင်းထားကြောင်း ပညာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစာစစ်ဌာနအသီးသီးတွင် တင်သွင်းထားသည့်စာရင်းများအရ ကျောင်းတွင်း ဖြေဆိုသူ နှစ်သိန်းကျော်နှင့် ပြင်ပမှ ဖြေဆိုသူ တစ်သိန်းကျော်ရှိပြီး ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)