မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လျာထားဦးရေ ပြည့်မီအောင်ထိုးနှံရေး Mobile Team ဖြင့် ကွင်းဆင်းထိုးနှံပေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လျာထားဦးရေ ပြည့်မီအောင်ထိုးနှံရေး Mobile Team ဖြင့် ကွင်းဆင်းထိုးနှံပေ



MNP -  မတ်    ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် အကျုံးဝင် လျာထား ဦးရေ ပြည့်မီစေရေးအတွက် ကျေးရွာအုပ်စုများသို့ Mobile Team ဖြင့် ကွင်းဆင်း၍  ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကွင်းဆင်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအတွင်း သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားဒေသများမှ ပြည်သူများအား Mobile Teamဖြင့် တစ်အိမ်တက်/ဆင်း ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း တာဝန်ရှိသူများထံက သိရသည်။

 မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းကို အကျုံးဝင်လူဦးရေ (၂၂၄၇၁)ဦး လျာထားခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ပထမအကြိမ် ယခင်ကထိုးနှံပြီးစီးမှု (၁၈၄၃၁)ဦးဖြစ်ပြီး မတ်လ (၃၀)ရက်နေ့အထိ ထိုးနှံပြီးစီးမှုမှာ (၂၄၂)ဦး စုစုပေါင်း ထိုးနှံပြီးသူဦးရေ (၁၈၆၇၃)ဦး၊ ဒုတိယအကြိမ်အဖြစ် စုစုပေါင်းထိုး နှံပြီးသူ (၁၄၉၂၁)ဦးရှိကြောင်း သိရသည်။ ဆက်လက်၍ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အကျုံးဝင်သူများ ကာကွယ်ဆေးထိုးနှံရေးအတွက် ကွင်းဆင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)