၁၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ Myanmar National Post အမေး - အဖြေ မှတ်တမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၁၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ Myanmar National Post အမေး - အဖြေ မှတ်တမ်း


Myanmar National Post  သတင်းဌာနမှ  နောင်တော်လေး က  - အကြမ်းဖက် များ၏   အန္တရာယ်နှင့်ပတ်သက် သည့်မေးခွန်းကို  မေးမြန်းလိုကြောင်း၊ NLD  အစွန်းရောက် PDF များ၏ လုပ်ကြံသတ်ဖြတ်မှုမှကာကွယ်ရန်အတွက်  ပြည်သူများ ပူးပေါင်းဆောင်ရွက် ရန်အတွက် ဝန်ကြီးကိုယ်တိုင် လည်း သတင်းစာ ရှင်းလင်းပွဲများမှတစ်ဆင့် အကြိမ်ကြိမ်အသိပေး ခဲ့ကြောင်း၊ အကြမ်းဖက် ဘေးအန္တရာယ်သင့် ပြည်သူအချို့နှင့်လည်း အဆက်အသွယ်ရှိကြောင်း၊ ထိုသူများကလည်း   ပြည်သူ့စစ်အဖွဲ့များတွင်    ပူးပေါင်းပါဝင်၍ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်နေကြ သူများလည်း ရှိကြောင်း၊ သို့သော်လည်း PDF များကအင်အားကောင်းနေပြီး ကျေးရွာများတွင် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့များ၏ အင်အားမှာနည်းပါး နေသည် ကို တွေ့ရကြောင်း၊ ဝန်ကြီးအနေဖြင့် သတင်းစကားများပါးနေသော် လည်း  မြေပြင်တွင် ပူးပေါင်း ဆောင်ရွက်နေသည့်  ပြည်သူများတွင် ဆက်ဆံရေးအရ အဆင်မပြေမှုများနှင့် အခက်အခဲအချို့ ရှိနေကြောင်း၊ ထိုကိစ္စများ အဆင်ပြေစေရန်အတွက် ဝန်ကြီးအနေဖြင့် ပြည်သူများပူးပေါင်း ဆောင်ရွက်ရမည့်  အကြမ်းဖက် အန္တရာယ်   ကာကွယ်ရေး လုပ်ငန်းများတွင် မည်ကဲ့သို့  ကူညီလုပ်ဆ ောင် ပေးမည်ကို   သိလို ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် သဘာဝဘေး အန္တရာယ်သင့် ပြည်သူများ အတွက် လိုက်လံကူညီဆောင်ရွက်ပေးမှုများကို   တွေ့ရကြောင်း၊  သို့သော် အကြမ်းဖက်ဘေး အန္တရာယ် သင့်ပြည်သူများကိုမူ ကူညီဆောင်ရွက် ပေးခြင်းမရှိသည်ကို တွေ့ရသောကြောင့် ထိုသူများကို ဘေးသင့်ပြည်သူ များအဖြစ် သတ်မှတ်ခြင်းရှိ/မရှိကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများပါရှိပါက ဖြေကြားပေးစေ လိုကြောင်း မေးမြန်းသည်။


ဦးစားပေးကူညီဆောင်ရွက်

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုကဲ့သို့ သတင်းပေးသည့်အတွက် သတင်းထောက်ကြီးကို  ကျေးဇူးတင်ကြောင်း၊   အချို့ကျေးရွာများ တွင် ပြည်သူလူထု၏ တောင်းဆိုချက်အရ ပြည်သူလူ ထုပါ ဝင်သည့် ကာကွယ်ရေး စနစ်ဖြစ်သည့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ထိုသို့ဖွဲ့စည်းပေးလိုက်သောကြောင့် PDF အဖွဲ့များက အဆိုပါကျေးရွာ များကို ပိုမိုပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ကြောင်း၊ အချို့နေရာများတွင် အင်အား ၁၀၀ ကျော်ခန့်အထိ  အသုံးပြု၍ ရွာကို ဝိုင်းပတ်ပိတ်ဆို့၍ မီးရှို့ခဲ့ကြသည်ကိုလည်း တွေ့ရကြောင်း၊ ကျေးရွာတွင်ရှိ သည့် ပြည်သူ့ စစ်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ပြန်လည်ခုခံခဲ့သော်လည်း အင်အား မျှတမှု မရှိသည့်အတွက် ထွက်ပြေးတိမ်းရှောင်၍ ဘုန်းတော် ကြီးကျောင်းများ ကဲ့သို့သော နေရာများသို့ သွားရောက်ခို လှုံကြသည့် အချိန်တွင် အိမ်များကိုမီးရှို့ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း၊ ထိုကဲ့သို့သောဖြစ်စဉ်များကို ပို၍ထိထိရောက်ရောက် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အင်အား၊ စွမ်းရည်နှင့် လုပ်ဆောင်နိုင်စွမ်းများ ပိုမိုထိရောက် စေရန်ဆောင်ရွက်သွားမည်ဟုပြောလိုကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကို ဦးစားပေး ကူညီဆောင် ရွက်နေသည်မှာ   မှန်သော်လည်း   သတင်း ထောက်ကြီးမေးမြန်းခဲ့သည့် ကိစ္စများကို ကူညီဆောင်ရွက် ပေးနိုင်သည့် အနေအထားရှိလိမ့်မည်ဖြစ်ကြောင်းနှင့် ညှိနှိုင်း ဆောင် ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။


Myanmar National Post  သတင်းဌာနမှ နောင်တော်လေး က - မိမိယခု မေးမြန်းမည့်မေးခွန်းမှာ အမေရိကန်နိုင်ငံ နှင့်ဆက်စပ်ကြောင်း၊ အဆိုပါနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင်   မြန်မာ့တပ်မတော်အနေဖြင့်   လူမျိုးတုံး သတ်ဖြတ်မှုများကို  လုပ်ဆောင်နေသည်ဟူသည့်   စွပ်စွဲပြောဆိုမှု တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ထုတ်ပြန်ရာ တွင် မိမိတို့တိုင်းပြည် က အသိအမှတ်ပြုထားခြင်းမရှိသည့် လူမျိုးစုတစ်စု၏  နာမည်ကို သုံးစွဲ၍ ပြောဆိုခဲ့ကြောင်း၊ အဆိုပါ ပြောကြားချက်တွင် တိုင်းရင်းသား ပြည်သူတစ် ရပ်လုံးနှင့် တပ်မတော်အကြား သွေးခွဲသည့်စကားများ ပါဝင်ကြောင်း၊   တိုင်းရင်းသား ပြည်သူများ အပေါ်   တပ်မတော်က အနိုင်ကျင့်မှုများ ကျူးလွန်နေသည်ဆိုသည့် ပြောကြား ချက်များ ပါဝင် သည်ကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတကာသတင်းများကို လေ့လာရာ တွင်လည်း   အမေရိကန်နိုင်ငံသည်   ၎င်းတို့ကိုယ်တိုင်   အီရတ်၊ ဆီးရီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံတို့တွင် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်သည့်လုပ်ရပ်များ ကျူးလွန်ခဲ့သည်ကို တွေ့ရကြောင်း၊ သို့သော် မိမိတို့မြန်မာနိုင်ငံအပေါ်   တစ်ဖက်သတ်စွပ်စွဲ ပြောဆို၍ ကမ္ဘာသို့ ဝါဒဖြန့်နေသည့်အတွက် ယခုကဲ့သို့ထုတ်ပြန်ချက်များ ထုတ်ပြန်၍ တုံ့ပြန်ပြောဆိုခြင်းထက် ပို၍ထိရောက်ပြတ် သားသည့် မည်ကဲ့သို့သော ဆောင်ရွက်ချက်မျိုး ဆောင်ရွက်သွားမည်ကို သိလို ကြောင်း မေးမြန်းသည်။


 Genocide ကျူးလွန်ခဲ့ခြင်းမရှိ


ဗိုလ်ချုပ် ဇော်မင်းထွန်းက အမေရိကန်နိုင်ငံအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒများ ရှိလိမ့်မည်ဖြစ်ကြောင်း၊ သတင်းထောက်ကြီး ပြောကြားခဲ့သည့် ဝေဖန်ပြောဆိုမှုများကို မိမိတို့လည်း သိရပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း မိမိတို့၏ရပ်တည်ချက်ကို ယခင် ကတည်းကပင် ပြောပြီးဖြစ်ကြောင်း၊  ၂၀၁၇/၂၀၁၈  ခုနှစ်များတွင် ရခိုင်ပြည်နယ်၌ဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ကြောင်း၊ တပ်မတော်တစ်ရပ်လုံး အနေဖြင့် Genocide ကျူးလွန်ခဲ့ခြင်းမရှိကြောင်း၊ ကျူးလွန်ရန်လည်း မရှိကြောင်း၊ သို့သော် တာဝန်ထမ်းဆောင်ရာတွင် စစ်သည်တစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ အစုအဖွဲ့ငယ် များအနေဖြင့် လည်းကောင်း၊ မှားယွင်းမှုများ ရှိကောင်းရှိနိုင်ကြောင်း၊ ထိုကိစ္စများ ကိုလည်း  စုံစမ်း စစ်ဆေး၍ တရားဥပဒေအရ အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကမ္ဘာပေါ် တွင် အမေရိကန်နိုင်ငံ၏ စွပ်စွဲပြောဆိုမှုနှင့် မည်သည့်နိုင်ငံမျှ မလွတ်ကင်းကြောင်း၊ အခြားနိုင်ငံများ အပေါ် လူ့အခွင့်အရေးချိုးဖောက် သည်ဟု  စွပ်စွဲပြောဆိုသော်လည်း ၎င်းတို့နိုင်ငံ၏  သမ္မတတစ်ဦး လက်ထက်တွင်  အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၌ ဖြစ်ခဲ့သည့် ကိစ္စရပ်များကို   သတင်းထောက်ကြီးတို့လည်း   သိပြီးဖြစ်ကြောင်း၊ ထိုကိစ္စများကို ICC တင်မည်၊ ICJ တင်မည်ဟု ပြောဆိုသည့်အချိန် တွင် အဆိုပါတရားရုံးများနှင့်  သက်ဆိုင်သည့်   တရားသူကြီးများကို အမေရိကန်နိုင်ငံအတွင်းမှ  နှင်ထုတ်မည်ဟု  ပြောဆိုသည်အထိ ရှိခဲ့ကြောင်း၊ ၎င်းတို့၏ ရပ်တည်ချက်မှာ ထိုအတိုင်းသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း လုပ်ရိုးလုပ်စဉ်အတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့ကန့်ကွက်ရန်ရှိသည်များကို ကန့်ကွက်သွားမည် ဖြစ်ကြောင်း၊ ၎င်းတို့ကို ဂရုစိုက်နေမည် ဆိုပါက မိမိတို့လုပ်ရန်ရှိသည့် အလုပ်များကိုပင် လုပ်ဖြစ်မည်မဟုတ်ကြောင်း၊ ပြည်တွင်းအင်အားကို ခိုင်မာအောင် တည်ဆောက် ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက် သွား မည်ဟုပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)