မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ NLD အစွန်းရောက် PDFအကြမ်းဖက်သမားများက သံဃာတော်များနှင့် ပညာရေးဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ NLD အစွန်းရောက် PDFအကြမ်းဖက်သမားများက သံဃာတော်များနှင့် ပညာရေးဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်





MNP ၊ မတ် ၁၀

NLD အစွန်းရောက် PDFအကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်း များအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။


ထိုသို့ပြုလုပ်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့် ကူး မြို့နယ်၊ ရွှေကျင်ကျေးရွာရှိ ဓမ္မရက္ခိတကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ သက်တော် (၆၃)နှစ်၊ ဝါတော် (၄၃) ဝါ သည် ကျောင်းဝင်းအတွင်း စင်္ကြန်လျှောက်နေစဉ် အကြမ်းဖက် သမား ၁၀ ဦးခန့် သည် စက်လှေဖြင့်ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်သဖြင့် ဆရာတော်မှာ ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်ထွက်ပြေးခဲ့သော်လည်း အကြမ်းဖက်သမားများ၏ လိုက်လံ ပစ်ခတ်မှုကြောင့် ဆရာတော် မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့သည်။


ထို့နောက် အကြမ်းဖက်သမားများသည် ဘုန်းတော်ကြီးကျောင်းဘေးရှိ အခြေခံပညာ အလယ်တန်းကျောင်း(ရွှေကျင်)သို့ ဝင်ရောက်၍ ဆရာမများနားနေဆောင်အတွင်းရှိ တာဝန်ခံ ကျောင်းအုပ် ဒေါ်မြမြစိုး (ဘ) ဦးစိုးတင့်အား ကျောင်းဆောင်အနောက်ဘက်သို့ ခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဘုန်းတော်ကြီး ကျောင်းဝင်း နှင့် စာသင်ကျောင်းအတွင်းဖြစ်စဉ်ဖြစ်ပွားရာနေရာများမှ ၉ မမ Luger ကျည်ခွံ ၁ ခုနှင့် AK 47 ကျည်ခွံ ၁ ခုတို့ကို တွေ့ရှိခဲ့သည်။


အလားတူ မတ် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ညောင်လေးပင် ကျေးရွာ၌ ဗုဒ္ဓသာသနာထွန်းကာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် “အေးကမ္ဘာ သာသနာပြု စခန်း”မှ ဝါစိမ်းနီဆရာတော် ချွေးဇေယျသိဒ္ဓိ၊ သက်တော် (၆၂)နှစ်၊ ဝါတော် (၄၂)ဝါသည် ရွှေဘိုမြို့မှ သီတင်းသုံးရာ သာသနာပြုစခန်းသို့ ကျောင်းပိုင် TOYOTA LAND CRUISER မော်တော်ယာဉ်ဖြင့် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်းအတိုင်း ပြန်လည် ထွက်ခွာစဉ် စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာနှင့် စဉ့်ကိုင်ကျေးရွာကြားအရောက်၌ အကြမ်း ဖက်သမားများက လမ်း၏ ယာဘက်ခြမ်းမှ လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဆရာတော်နှင့် ယာဉ်မောင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိသော်လည်း ဆရာတော်စီးနင်းလာသည့် မော်တော်ယာဉ်၏ ရှေ့လေကာမှန် နှင့် ဝဲယာအချက်ပြမီးများ ကွဲအက်ပျက်စီးခဲ့သည်။


ထိုကဲ့သို့ သံဃာတော်များနှင့် ဆရာ၊ ဆရာမများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်းများနှင့် လမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲ တိုက်ခိုက်မှုများ ကျူးလွန်လျက်ရှိသည့် NLD အစွန်းရောက် PDFအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)