ရန်ကုန်မြို့ပေါ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဖောက်ခွဲမှုများပြုလုပ်၍ အများပြည်သူကို ခြိမ်းခြောက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ပေါ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဖောက်ခွဲမှုများပြုလုပ်၍ အများပြည်သူကို ခြိမ်းခြောက်လျက်ရှိ


MNP ၊ မတ် ၂၇

ယနေ့ ရန်ကုန်မြို့ပေါ်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် အများပြည်သူတို့၏ နေ့စဉ်လူနေမှုဘဝတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဖောက်ခွဲတိုက်ခိုက်မှုများ မြို့နယ်အပြားအတွင် လုပ်ဆောင်ခဲ့သည်။

ယနေ့ ညနေပိုင်းက သာကေတမြို့နယ်၊ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီး ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ လူအထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ညောင်ပင်သာဘုန်းကြီးကျောင်းရှေ့တွင် ယနေ့ည (၈ ၅၀) နာရီအချိန်ကပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး လူ၊ ပစ္စည်းထိခိုက်မှုမရှိကြောင်း သိရသည်။

ယမန်နေ့က မြောက်က်ဥက္ကလာပမြို့နယ်၊ (ဆ) ရပ်ကွက်၊ သုခမိန်လမ်းရှိ မြိုနယ်ပညာရေးမှူးရုံးရှေ့တွင်  ညနေ (၅ ၂၀) နာရီအချိန်က ပေါက်ကွဲမှုဖြစ်ကြောင်း၊ အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်သွားခြင်းကြောင့် ပညာရေးမှူးရုံးရှေ့ ခြံစည်းရိုးနှင့် ကပ်လျက်ပလက်ဖောင်းပေါ်တွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး လူပစ္စည်းထိခိုက်မှုမရှိကြောင်း သိရသည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ပြီး အကြမ်းဖက်အန္တရာယ်များကို ပိုမိုထိရောက်စွာ နှိမ်နင်းသွားမည်ဟု ၁၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဒုဝန်ကြီးက ပြောကြားထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)