NLD အစွန်းရောက် PDFအကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျုံမကူးချောင်း သံကူကွန်ကရစ်တံတား ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDFအကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျိုက်ထိုမြို့နယ်ရှိ ကျုံမကူးချောင်း သံကူကွန်ကရစ်တံတား ပျက်စီး



MNP ၊ မတ် ၃

NLD အစွန်းရောက်များဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်သမားများအနေဖြင့် မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိသည့်အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံ အဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေးအဆောက်အဦများ၊ နေအိမ်အဆောက် အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၄ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာဟောင်း၏ မြောက်ဘက် မီတာ ၃၀ ခန့်အကွာရှိ ကျုံမကူးချောင်း သံကူကွန်ကရစ်တံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏မြောက်ဘက် ကမ်းကပ်ခုံအောက် အရှည် ၅၀ ပေ တစ်ကန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန်နှင့် အပြစ်မဲ့ပြည်သူများအား ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ ကျုံမကူးချောင်း သံကူကွန်ကရစ်တံတားအား မိုင်းထောင် ဖောက်ခွဲခဲ့သည့် NLDအစွန်းရောက် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)