မဲလိမ် မဲခိုး အစွန်းရောက် အကြမ်းဖက်ပါတီ NLD အား စုံညီအစည်းအဝေးထိုင်ပြီး အရေးယူဆောင်ရွက်သွားမည်ဟု UEC ဖြေကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲလိမ် မဲခိုး အစွန်းရောက် အကြမ်းဖက်ပါတီ NLD အား စုံညီအစည်းအဝေးထိုင်ပြီး အရေးယူဆောင်ရွက်သွားမည်ဟု UEC ဖြေကြား


MNP ၊ မတ် ၁၀

မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး မဲလိမ်မဲခိုးမှုကြီးကို ကျူးလွန်ခဲ့သော NLD ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ နိုင်ငံရေးပါတီများ စစ်ဆေးသည်ကို အစစ်ဆေးခံခြင်းမရှိသည့်အပေါ် မည်သို့အရေးယူဆောင်ရွက်သွားမည်ကို မြန်မာနေရှင်နယ်ပို့စ်က ဆက်သွယ်မေးမြန်းရာ စုံညီအစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က "နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ရက်အတွင်း စစ်ဆေးခံရန် ပျက်ကွက်သော ပါတီများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာပါတီများသို့ ပေးပို့ထားသည့် အကြောင်းကြားစာပါအတိုင်း အရေးယူဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အများစုသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစဉ်များကို ကြီးကြပ်ကွပ်ကဲရန် သက်ဆိုင်ရာ နယ်မြေများသို့ ရောက်ရှိနေသဖြင့် ၎င်းတို့ပြန်လည်ရောက်ရှိပါက စုံညီအစည်းအဝေးပြုလုပ်ပြီးနောက် ဆုံးဖြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ဖြေကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄(ဂ)(ဃ)(င) တို့အရ အရေးယူဆောင်ရွက်မည်ဖြစ်ရာ စစ်ဆေးခံခြင်း မရှိသည့်ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ (၃)နှစ် ဆိုင်းငံ့ခြင်း၊ အဆိုပါ ၃နှစ်အတွင်း အစစ်ဆေးမခံပါက ပါတီဖျက်သိမ်းခြင်း ဆောင်ရွက်ရမည်ဟု ဥပဒေက ပြဋ္ဌာန်းထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)