တောင်ဒဂုံ ၇၁ ရပ်ကွက်တွင် NLD အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံးသွားရသော ကိုရဲဝင်းဖြစ်စဉ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဒဂုံ ၇၁ ရပ်ကွက်တွင် NLD အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံးသွားရသော ကိုရဲဝင်းဖြစ်စဉ်





MNP ၊ မတ် ၃၀

ယနေ့ ညနေ (၃ ၂၀) ဝန်းကျင်က တောင်ဒဂုံ၊ ၇၁ ရပ်ကွက်က ရာအိမ်မှူး ကိုရဲဝင်း ကို NLD အစွန်းရောက် အကြမ်းဖက်သမားတွေက လာရောက် လုပ်ကြံသတ်ဖြတ်သွားပါတယ်။ 

ကိုရဲဝင်းကို သေနတ်ဖြင့် ၃ချက် ပစ်ပြီး ထွက်ပြေးသွားခြင်းဖြစ်ပါတယ်။ အရေးပေါ် ဆေးရုံပို့ဆောင်ခဲ့ပေမယ့် အသက်မကယ်လိုက်နိုင်ပါဘူး။ သေဆုံးသွားခဲ့ပါတယ်။

ကိုရဲဝင်း လုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်မှာ ထွက်ဆိုချက်တွေ ကွဲလွဲနေတယ်လို့ ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ ကိုရဲဝင်းကို သေနတ်နဲ့ လာပစ်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဇနီးဖြစ်သူက ရှပ်အင်္ကျီခမ်းရောင်၊ ဘောင်းဘီတိုနဲ့ အရပ် ၅ပေ ၅လက်မ ခန့်ရှိ အသက် ၂၀ကျော်ဝန်းကျင် အမျိုးသားက (၃ ၂၀) ဝန်းကျင်က သေနတ်ဖြင့်ပစ်ပြီး မင်းရဲကျော်စွာ ၈လမ်းထဲကို လမ်းလျှောက်ဝင်သွားတယ်လို့ ပြောပါတယ်။

ကိုရဲဝင်း အပစ်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတဲ့အချိန်မှာ ပတ်ဝန်းကျင်ကို မေးမြန်းစုံစမ်းတော့ ပတ်ဝန်းကျင်က လူတွေက ဆိုင်ကယ်နဲ့ လာပစ်သွားတာဖြစ်ပြီး အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက် ပစ်ပြီး မောင်းပြေးသွားတာလို့ ပြောကြပါတယ်။

ကိုရဲဝင်းဟာ အမျိုးသားရေးလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပြီး သူ့လမ်းထဲက နီပိန်းတချို့နဲ့လည်း ပြဿနာရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ ရပ်ကွက်တည်ငြိမ်အေးချမ်းရေးအတွက် အုပ်ချုပ်ရေးအဖွဲ့မှာ ရာအိမ်မှူးအဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ ကိုရဲဝင်းကို NLD အစွန်းရောက် အကြမ်းဖက်သမားတွေက အလစ်အငိုက် ချောင်းမြောင်းနေပုံ ရပါတယ်။ ကိုရဲဝင်း သတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာ စိတ်တိုင်းကျ ပစ်သတ်ပြီး အေးရာအေးကြောင်း ရှောင်သွားနိုင်ခဲ့ပါတယ်။

တောင်ဒဂုံမြို့နယ်အတွင်းမှာ NLD အစွန်းရောက် အကြမ်းဖက်သမားတွေ ရှိနေပြီး အကြမ်းဖက်သမားတွေရဲ့ လက်ထဲမှာ လက်နက်လည်း ရှိနေပါတယ်။ 

တောင်ဒဂုံမြို့နယ်ထဲမှာပဲ ကျောင်းက ပြန်တဲ့ ဆရာမကို ဆိုင်ကယ်နဲ့ လိုက်လာပြီး ပစ်သတ်တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးသလို ရာအိမ်မှူးတစ်ဦးကိုလည်း သေနတ်နဲ့ ပစ်ပြီး ပြေးတာ ချက်ကောင်းကို မထိလို့ အသက်ကို ကယ်တင်ခဲ့နိုင်ပါတယ်။ အခု ကိုရဲဝင်းကတော့ အလစ်အငိုက်မှာ ချက်ကောင်းကို ပစ်တာခံလိုက်ရတဲ့အတွက် ဘယ်လိုမှ အသက်မကယ်လိုက်နိုင်တော့ပါဘူး။

တောင်ဒဂုံမြို့နယ်ထဲမှာ NLD အစွန်းရောက် အကြမ်းဖက်သမားတွေ လက်နက်တွေ သိုဝှက်ပြီး ခိုအောင်းနေတယ်လို့ ပြောလို့ ရပါပြီ။ သူတို့ရဲ့ လုပ်ရပ်တွေက သက်သေပါပဲ။ မပေါ့ဆသော သတိနဲ့ လှုပ်ရှားဆောင်ရွက်ကြဖို့ လိုသလို၊ ဥပဒေစိုးမိုးရေးအတွက် လုပ်သင့်လုပ်ထိုက်တာကို အချိန်မစွဲဘဲ လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)