ဖျာပုံမြို့နယ်တွင် NLD အစွန်းရောက်များက သူတပါးစိုက်ပျိုးထားသည့် လယ်ကို ဝင်ရောက်ကျူးကျော် ရိတ်သိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်တွင် NLD အစွန်းရောက်များက သူတပါးစိုက်ပျိုးထားသည့် လယ်ကို ဝင်ရောက်ကျူးကျော် ရိတ်သိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရ


MNP ၊ မတ် ၉

ဖျာပုံမြို့နယ်၊ ထိန်ဝိုင်းကျေးရွာတွင် NLD အစွန်းရောက်များက သူတပါးစိုက်ပျိုးထားသည့် လယ်ကို ဝင်ရောက်ကျူးကျော် ရိတ်သိမ်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။


ထိန်ဝိုင်းကျေးရွာမှ ဦးမျိုးသန့် စိုက်ပျိုးလုပ်ကိုင်နေသော ဧက(၁၀၀)အတွင်းသို့ NLD အစွန်းရောက်များ ဖြစကြသည့် သောင်းမြင့်၊ ကျော်အေး ဆိုသူတို့က စပါးရိတ်စက်ကြီးများဖြင့် ဝင်ရောက်ရိတ်သိမ်းယူနေခြင်းဖြစ်ကြောင်း သိရသည်။


ထိန်ဝိုင်းရွာသား ဦးမျိုးသန့်မှာ လယ်ကို သီးစားဖြင့် စိုက်ပျိုးလုပ်ကိုင်နေခြင်းဖြစ်ပြီး လယ်ပိုင်ရှင်သည် ဘုန်းကြီးသောင်ကျေးရွာမှ ဦးစံနက်ကျော်၏ လယ်ယာမြေများဖြစ်ကြောင်း သိရသည်။


ထိုသို့ အုပ်စုဖွဲ့ အနိုင်ကျင့် ခေါင်းပုံဖြတ်မှုများ လုပ်ဆောင်နေသော NLD အစွန်းရောက်များ၏ လုပ်ရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး တားဆီးဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတစ်ဦးက ဆက်သွယ်ပြောဆိုသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)