NUG အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှု သတင်း (၇-၃-၂၀၂၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှု သတင်း (၇-၃-၂၀၂၂)



NUG အကြမ်းဖက်အဖွဲ့က ဇင်မာအောင် နှင့် UK အစိုးရ ၊ နိုင်ငံခြားရေးဌာန ၊ အာရှရေးရာဝန်ကြီး Ms. Amanda Milling တို့ (၇-၃-၂၀၂၂)ရက်နေ့က  တွေ့ဆုံဆွေးနွေးခဲ့ ကြတယ်လို့ အကြမ်းဖက်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ 


တွေ့ဆုံရာတွင် UK အစိုးရအနေဖြင့်  မြန်မာနိုင်ငံအစိုးရနှင့် ဆက်စပ် သူများအား စီးပွါးရေးပိတ်ဆို့ အရေးယူမှု များ အပါအဝင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတာကာ မျက်နှာစာတွင် မြန်မာ့အရေး ကို မျက်ခြေမပြတ် ဆက်လက်၍ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲသူခိုး NLD က ဖွဲ့စည်းထားတဲ့ NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးကြာင်း အာရှရေးရာဝန်ကြီး Ms. Amanda Milling က ပြောဆိုကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့်မြန်မာ့ ခရီးစဉ် အပေါ် သဘောထား ၊ အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုများ နှင့်ICRC အခန်းကဏ္ဍ၊ အတပ်မတော်၏ အုပ်ချုပ်ရေး အခြေအနေ၊ NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ PDF အကြမ်းဖက်မသားများအပေါ် နှိမ်နင်းနေမှု၊ ICC /ICJ  နှင့်တရားမျှတမှုဖေါ်ဆောင်ရေး ၊ လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး အစရှိသည့် အကြောင်းအရာ များနှင့် ပိုမို ထိရောက်စွာ ပူးပေါင်ဆောင်ရွက် နိုင်ရေး တို့ကို ဆွေးနွေး ခဲ့ကြတယ်လို့ NUG အကြမ်းဖက်အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားတာကို တွေ့မြင်ရပါတယ်။


အဆိုပါတွေ့ဆုံပွဲမှာ NUG အကြမ်းဖက်အဖွဲ့ရဲ့ UK ဆိုင်ရာ ကိုယ်စားလှယ်များ ဖြစ်သည့် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကို တို့လည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


NUG အကြမ်းဖက်အဖွဲ့ဝင် ဇင်မာအောင်ဆိုတာ မြန်မာနိုင်ငံသားမဟုတ်တော့ပါဘူး။ ဇော်ဝေစိုး၊ ရည်မွန်၊ လွင်ကိုလတ်၊ မင်းကိုနိုင်၊ ဇင်မာအောင်၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို (ခ) အပျံမ ပါ (၁၁)ဦးကို အစိုးရက တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်ပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့အတွက် နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ သို့ပေသော်လည်း တိုင်းဖျက်ပြည်ဖျက် လုပ်ငန်းတွေကို ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ရဲ့ သြဇာခံအဖြစ်နဲ့ ဆောင်ရွက်နေတာကို ပြည်သူအများ တွေ့မြင်ကြမှာပဲ ဖြစ်ပါတယ်။ 


ပြည်သူတွေအနေနဲ့က တိုင်းပြည်မှာ အခက်အခဲအကြပ်အတည်းတွေ ဖြစ်လာရင် အစိုးရကိုသာ အပြစ်မြင်တတ်ကြပါတယ်။ ခင်ဗျားတို့ ယုံကြည်ထောက်ခံတဲ့ NUG အကြမ်းဖက်အဖွဲ့ဟာ တိုင်းပြည်အတိဒုက္ခရောက်စေဖို့ ပိတ်စို့အရေးယူမှုတွေ လုပ်ဖို့ လိုက်လံနှိုးဆော်နေတာကိုလည်း တွေ့မြင်ကြရပါလိမ့်မယ်။ ၈၈ ကာလနောက်ပိုင်းမှာ NLD ခေါင်းဆောင် ဒေါ်စုကလည်း အခုလိုပဲ တိုင်းပြည်ကို ပိတ်စို့အရေးယူမှုတွေ လုပ်ဖို့ တိုက်တွန်းခဲ့ဖူးတာတွေ ရှိပါတယ်။ 

NLD အစွန်းရောက် NUG အကြမ်းဖက်အဖွဲ့ဝင်တွေဟာ သူတို့အာဏာမရတာနဲ့ပဲ ပြည်သူတွေ အလုံးစုံဒုက္ခရောက်စေဖို့ နည်းမျိုးစုံနဲ့ ဘက်ပေါင်းစုံက ဆောင်ရွက်နေကြတာကို ပြည်သူများ သိရှိနားလည်စေဖို့ ကောက်နှုတ်ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)