NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ လှုပ်ရှားမှု မှတ်တမ်းများ (၇-၃-၂၀၂၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG အကြမ်းဖက်အဖွဲ့ဝင်များ၏ လှုပ်ရှားမှု မှတ်တမ်းများ (၇-၃-၂၀၂၂)



NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဇော်ဝေးစိုးက တရားမဝင် မီဒီယာတွေကို ဖက်ဒရယ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အောင်အောင်မြင်မြင်သွား နိုင်နေပြီလို့ ပြောဆိုထားတာကို တွေ့ရပါတယ်။


အကြမ်းဖက်ခေါင်းဆောင် ဇော်ဝေစိုးက “ကျန်းမာရေးအခြေခံပြီးတော့ ဖက်ဒရယ်ရဲ့ သဘောတရားတွေ တစ်တိုင်းတစ်ပြည်လုံး ပြည်သူကိုသာ ဦးစားပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဦးစားပေးတဲ့ ဆိုတဲ့သဘောတရားတွေ အဲဒီမှာ ရှိပြီး သား။ CTF(COVID -19 Task Force) ကို အခြေခံပြီး ဆရာတို့ အောင်အောင်မြင်မြင်တော်တော်များများ ဆရာတို့ ဆောင်ရွက်နိုင်ခဲ့တယ်။ အဲဒါကို အခြေခံပြီး   တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လွတ်မြောက်ရေးအဖွဲ့အစည်းတွေပေါ့။ ERO  တွေနဲ့ ချိတ်ဆက်မိပြီးတော့ အဲဒီကတည်းက စကားပြောလာနိုင်ခဲ့တယ်လို့ အဲဒီအပေါ်မှာ သုံးသပ်ပြီး ပြောရရင်တော့ ဆရာတို့ အမြတ်အစွန်းရတာပဲပေါ့။ တော်လှန်ရေးအခြေအနေကောင်း တစ်ခုဖြစ်စေတယ်လို့ ဆရာတို့ယုံကြည် တယ်ပေါ့။” လို့ ပြောထားပါတယ်။

မဲလိမ်မဲခိုးမှုကြောင့် NLD အာဏာလက်မဲ့ ဖြစ်သွားပြီးနောက် CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းပြီး ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သလို၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း CDM မလုပ်ရကောင်းလားလို့ ပြဿနာရှာခဲ့ကြသူတွေ ဖြစ်ပါတယ်။

NUG အကြမ်းဖက်ခေါင်းဆောင် ဇော်ဝေစိုးရဲ့ ပြောစကားတွေဟာ လေပြောသက်သက်ဖြစ်ပြီး လက်တွေ့ကျကျ ဆောင်ရွက်ခဲ့တာတော့ ဘာမှ မရှိပါဘူး။ သူကိုယ်တိုင် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေပြီး ဖက်ဒရယ်ကျန်းမာရေးစနစ်ဟာ အောင်မြင်နေပြီလို့ ပြောခြင်းဟာ ယုတ္တိမရှိတဲ့ အများပြည်သူကို ဂျင်းထည့်တဲ့ စကားပဲလို့ နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။ ဒီလူတွေဟာ ဒီလိုပဲ လေလှိုင်းပေါ်က အသံကောင်းဟစ်နေကြခြင်း ဖြစ်ပါတယ်။ လက်တွေ့ ဆောင်ရွက်ချက်ကတော့ ဘာမှ ပြစရာ မရှိပါဘူး။

ဆရာဝန်တစ်ဦးဖြစ်တဲ့ ဇော်ဝေစိုးဟာ သူတို့ကို မထောက်ခံတဲ့သူတွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တဲ့ အတွက်ကြောင့်လည်း ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါသေးတယ်။


နိုင်ငံတော်အစိုးရက တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဝါဒဖြန့်လှုံ့ဆော်နေကြတဲ့ NUG အကြမ်းဖက်အဖွဲ့ဝင် ဝရမ်းပြေး (ပြည်ပြေး) တချို့ကို နိုင်ငံသားအဖြစ်မှ ရပ်စဲကြောင်း ကြေညာထားရာမှာ အကြမ်းဖက်ခေါင်းဆောင် ဇော်ဝေစိုးလည်း အပါအဝင် ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)