MNP - မတ် ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မိဘပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်း များကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီး သတ်ဦးစီးဌာနတို့ ပူးပေါင်း၍မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံနှံမှုပိုမိုများပြားလာ၍ မျိုး ကွဲ သစ် ဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် စတင်တွေ့ရှိ လာပြီ ဖြစ်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန် ကြီးဌာနမှ ထုတ် ပြန် ထားသော အဓိကလိုက်နာရမည့် အချက်များနှင့် တတ်နိုင်သမျှ မိမိတို့နေအိမ်တွင် နေ ထိုင် ကြ ရန်နှင့် ကာကွယ်ဆေးများကိုလည်း မြို့နယ်တိုင်းတွင် ထိုးနှံပေး လျက်ရှိသည်။ မြို့ပေါ် ရပ် ကွက် များ လမ်းဆုံ၊ လမ်းခွနေရာများ ၊ ဈေးဆိုင်တန်းနေရာများသို့သွား ရောက်ပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေး အသိ ပညာပေးလှည့် လည် နှိုး ဆော်ပေးလျက် ရှိကြောင်း သိရှိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment