တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါပိုး ကူးစက် ပြန့်ပွားမှုမရှိစေရန် အသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါပိုး ကူးစက် ပြန့်ပွားမှုမရှိစေရန် အသိပညာပေးဆောင်ရွက်

 


MNP - မတ်   ၃၀

 ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါပိုး ကူးစက် ပြန့်ပွားမှု မရှိစေရန်အတွက်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးခြင်းကို ယမန်နေ့ နံနက်က အမှတ်(၄)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းကြောင့် (အိုမီခရွန်)ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် စည်းကမ်းချက်များ၊ မိမိ၏လက်ကို လက်ဆေးဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ နေအိမ်ပြင်ပသို့ ထွက်သူတိုင်း ပါးစပ်/ နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်၍ သွားလာအသုံးပြုရန်၊ မိမိ၌ ရောဂါကူးစက် ခံရသည်ဟု သံသယရှိလာပက နီးစပ်ရာကျန်းမာရေးဌာနနှင့် အမြန်ဆုံးဆက်သွယ်၍ စစ်ဆေး ကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန် ပြည်သူလူထု တစ်ရပ်လုံးက ကျန်းမာရေးအသိဖြင့် ဝိုင်းဝန်းပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်နိုင်ရန် မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။            မင်းလွင်ဦး

သတင်း - ရှမ်းပြည်နယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)