မြောက်ဦးမြို့ပေါ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ပေါ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်




MNP - မတ်    ၅ 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မိဘပြည်သူများကို ကိုဗစ်-၁၉ မျိုးကွဲသစ်  အိုမီခရွန်(Omicron)  ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်များကို အသိပညာပေးနှိုးဆော်ခြင်း များကို ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီး သတ်ဦးစီးဌာနတို့ ပူးပေါင်း၍မြို့‌ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး အသိပညာပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံနှံမှုပိုမိုများပြားလာ၍ မိမိတို့နိုင်ငံ ထဲတွင်ရောက် ရှိလာပြီဖြစ်၍ မိဘပြည်သူ များ အ နေဖြင့် တတ်နိုင်သမျှမိမိနေအိမ်မှာနေရန်၊မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များကိုစနစ်တကျ တပ်ဆင်ကြရန်၊လူစုလူ ဝေးနှင့်လူထူ ထပ်သော နေရာ များသို့ သွား ရောက် ခြင်းမှ ရှောင်ကြဉ်ကြရန်၊တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ၆ပေအကွာခပ်ကွာကွာ နေထိုင် ကြ ရန်၊ မကြာခဏ လက်ကို စက္ကန့်(၂၀)ကြာ ဆေးကြောရန်၊ဈေးရောင်း၊ဈေးဝယ်များအနေဖြင့် Mask တပ်ဆင် ၍ ဈေးရောင်းချကြရန်၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြီမ်အရေအတွက် ပြည့် ဝစွာထိုးနှံကြရန် တို့ ကို အသံချဲ့စက်ဖြင့် သွားရောက်ပြီး နှိုးဆော်ခဲ့ကြောင်းသိရသည်။ မြို့ပေါ် ရပ်ကွက် များ လမ်းဆုံ၊ လမ်းခွနေရာများ ၊ လူစည်ကားရာနေရာများသို့သွား ရောက်ပြီး ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေး အသိပညာပေး လှည့် လည် နှိုး ဆော်လျက် ရှိကြောင်း သိရှိရသည်။

သတင်း - မြင့်စိုး 

မြန်မာနေရှင်နယ်ပို့စ်



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)