ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာအတွင်းနှင့် ကျေးရွာအနီးတစ်ဝိုက်၌ ခိုအောင်းနေထိုင်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီး၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာအတွင်းနှင့် ကျေးရွာအနီးတစ်ဝိုက်၌ ခိုအောင်းနေထိုင်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီး၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ







MNP ၊ မတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကျွန်းလှမြို့နယ်တို့အတွင်းရှိ အချို့ ကျေးရွာများ၌ PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိပြီး ဒေသ တွင်း ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူ များနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်း စသည့် အဖျက် အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက် လိုသည့် တာဝန်သိပြည်သူအချို့က သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ်များအတွင်း လိုအပ်သည့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက်သမားများရောက်ရှိနေကြောင်း ထပ်မံသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ယနေ့မွန်းလွဲပိုင်းတွင် လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်နိုင်ရေး ကျေးရွာ၏ တောင်ဘက်မှ ချဉ်းကပ်ခဲ့ရာ ကျေးရွာတွင်းရောက်ရှိခိုအောင်းနေသည့် အကြမ်းဖက်သမား များနှင့် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ကျေးရွာ၏ အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။


ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတစ်ဝိုက်အား အသေးစိတ်စစ်ဆေးခဲ့ရာ လက်လုပ်သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ အမ်-၂၂ ကျည် ၁၀၈ တောင့်၊ ၎င်းကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၆၈ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၆ လုံးနှင့် မိုင်းနှင့် လက်လုပ်သေနတ် ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လမ်းလျှောက်စကားပြောစက် ၃ လုံး၊ KIA/PDF လက်မောင်းတံဆိပ်ပါ ပြောက်ကျား ယူနီဖောင်း ၃ ထည်၊ PDF လက်မောင်း တံဆိပ်ပါ ယူနီဖောင်း ၁ စုံ နှင့် ဆေးမျိုးစုံ ၂ ဖာ တို့အား သိမ်းဆည်းရမိခဲ့သည်။

အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များ မဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာအဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက် ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဉပဒေတို့အရ စစ်ရာဇဝတ်မှုကျူး လွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေ ရာဇ သတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဉပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်း ဖက်မှုနှိမ်နှင်းရေးလုပ်ငန်းများကို ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)