ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနှင့် ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနှင့် ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီး





MNP ၊ မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၉ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် ကံကြီးကုန်းကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက ဝိုင်းရံပိတ်ဆို့ဝင်ရောက်၍ ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ ၏ နေအိမ်များအား လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ ဖျက်ဆီး သဖြင့် ကျေးရွာရှိပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ရာ ထိတွေ့မှုဖြစ်ပွား လျက်ရှိကြောင်းသိရသည်။ အဆိုပါ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ပူးပေါင်းခဲ့ရာ နံနက် ၆ နာရီတွင် အကြမ်းဖက်သမားများမှာ ကံကြီးကုန်းကျေးရွာ၏ အနောက်ဘက် ရွှေလှေကျေးရွာဘက် သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့ဆုတ်ခွာရာလမ်းကြောင်းအား အသေးစိတ်လိုက်လံရှင်း လင်းရာအကြမ်းဖက်သမားများအသုံးပြုသည့် လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၅၁ တောင့်၊ ၇.၆၂ ကျည် ၂၁ တောင့်၊ လက်လုပ်ကျည် ၈ တောင့်၊ ၁၂ ဗို့ ပြောင်းချော ကျည် ၂ တောင့်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ကားပင်စတင် ၇ လုံး တို့ကို သိမ်းဆည်းရရှိခဲ့သည်။ အကြမ်းဖက်သမားများ၏ ကျေးရွာအတွင်း လက်နက်များဖြင့် ပစ်ခတ် ကာ မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ပြီး နေအိမ် ၇၅ လုံးနှင့် ပြည်သူများပိုင်ဆိုင်သည့် နွား ၁၇၅ ကောင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု ၇၅ စုမှ အမျိုးသား ၁၀၁ ဦးနှင့် အမျိုးသမီး ၁၁၇ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကံကြီးကုန်းကျေးရွာ “နန္ဒာရာမ” ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ယာယီနေရာချထား၍ ၎င်းတို့ အတွက် လုံခြုံ ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမား ၇ဝ ဦးခန့်က သေနတ်များ ပစ်ဖောက်ကာ အော်ဟစ်ဆဲဆို၍ ဝင်ရောက်လာသဖြင့် ကျေးရွာနေပြည်သူများက ၎င်းတို့အား အကြမ်းဖက်ရန်ပြု မည့်အန္တရာယ်မှ လွတ်မြောက်နိုင်ရေး ကျေးရွာအတွင်းမှ ထွက်ပြေး တိမ်းရှောင်ရာ အကြမ်းဖက်သမားများက ကျေးရွာအတွင်းရှိနေအိမ်များအား မီးရှို့ ဖျက်ဆီး လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ အကြမ်းဖက်သမားများမှာ ရွှေဘုံသာကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ချောင်းဖျောက် ကျေးရွာ ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများက မီးလောင် ကျွမ်းလျက်ရှိသော နေအိမ်များအား ဝိုင်းဝန်းမီးငြိမ်း သတ်ခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်တွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် ကျေးရွာရှိ နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ကျေးရွာနေ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျေးရွာနေ ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)