မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ သံဃာ ၁ ပါး ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်၍ သံဃာ ၁ ပါး ဒဏ်ရာရရှိ


MNP ၊ မတ် ၂၉

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ် ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများ လုပ်ဆောင် လျက်ရှိသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာတွင် မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကမ်းပါးနီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ PDF အကြမ်ဖက်သမားများရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ကျောင်းထိုင်ဆရာတော် ဥူးအိန္နာစာရ(၇၆)နှစ်အား “ဒလန်၊ သတင်းပေး”ဟု စွပ်စွဲပြောဆိုကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ကျောင်းထိုင်ဆရာတော် ဥူးအိန္နာစာရ တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီးဆေးဝါးကုသနိုင်ရေး မုံရွာမြို့နယ်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် သံဃာ ၁ ပါးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)