ရေစကြိုမြို့တွင် “ကံပွင့်” အမွှေးတိုင်အလုပ်ရုံရှိ အမွှေးဆီများသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံးအား PDF အမည်ခံအကြမ်းဖက်သမား ၇ ဦးက မီးရှို့ဖျက်ဆီးပြီး အလုပ်ရုံအတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေကျပ် ၂ သိန်းအား လုယက်ယူဆောင်ကာ အလုပ်ရုံမန်နေဂျာအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့တွင် “ကံပွင့်” အမွှေးတိုင်အလုပ်ရုံရှိ အမွှေးဆီများသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံးအား PDF အမည်ခံအကြမ်းဖက်သမား ၇ ဦးက မီးရှို့ဖျက်ဆီးပြီး အလုပ်ရုံအတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေကျပ် ၂ သိန်းအား လုယက်ယူဆောင်ကာ အလုပ်ရုံမန်နေဂျာအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ


MNP ၊ မတ် ၃၀

 မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ “ကံပွင့်” အမွှေးတိုင်အလုပ်ရုံအတွင်းသို့ မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၇ ဦး ဝင်ရောက်လာပြီး သေနတ် များဖြင့် ခြိမ်းခြောက်ကာ အလုပ်ရုံဝင်းအတွင်း အမွှေးဆီများသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံးကို မီးရှို့ ဖျက်ဆီးပြီး အလုပ်ရုံအတွင်းရှိ အလှူခံပုံးအတွင်းမှ ငွေကျပ် ၂ သိန်းအား လုယက်ယူဆောင်ကာ အလုပ်ရုံမန်နေဂျာအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရေစကြိုမြို့နယ်၊ ပေကုန်းကျေးရွာ၊ ပဒေသာရပ်ကွက်ရှိ “ကံပွင့်”အမွှေးတိုင်အလုပ်ရုံအတွင်းသို့ သေနတ်များကိုင်ဆောင်ထားသည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၇ ဦးတို့ ဝင်ရောက်လာပြီး အလုပ်ရုံအတွင်းမှ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၉၀ ဦးတို့အား သေနတ်များဖြင့် ခြိမ်း ခြောက်ကာ အလုပ်ရုံမန်နေဂျာ ဦးမျိုးလှိုင်အား ဒူးထောက်ထိုင်ခိုင်း၍ အခြားအလုပ်သမားများအား အလုပ်ရုံအပြင်သို့ ထွက်ခိုင်းကာ အလုပ်ရုံအတွင်း၌ “ဒေါ်ဦး” ဘိုးဘွားရိပ်သာအား လှူဒါန်းနိုင်ရေးထားရှိသည့် အလှူခံပုံးအား ရိုက်ခွဲကာ အလှူခံပုံးအတွင်းမှ အလုပ်သမား လှူဒါန်းထားရှိသည့် အလှူငွေကျပ် ၂ သိန်းခန့် အား လုယက်ယူဆောင်ကာ အလုပ်ရုံ၏ မြောက်ဘက်ရှိ အမွှေးတိုင်ပြုလုပ်ရာတွင် အသုံးပြုသည့် မက်သနော အမွှေးဆီ ပေပါများထားရှိသည့် ဂိုထောင်အား မီးရှို့ ဖျက်ဆီးကာ အလုပ်ရုံအတွင်းရှိ ပြုလုပ်ဆဲ အမွှေးတိုင် များအား ဖျက်ဆီးပြီး ၂၀ မိနစ်ခန့်အကြာတွင် မန်နေဂျာ ဦးမျိုးအောင်အား ဖမ်းဆီးခေါ်ဆောင်၍ ဇီးကျွန်း ကျေးရွာ ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ပါသည်။

ထိုသို့အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၄ စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါ အလုပ်ရုံဝင်းအတွင်းရှိ အလျား ၇၀ ပေ၊ အနံ ၂၀ ပေ။ အမြင့် ၁၅ ပေခန့်ရှိ အုတ်ခင်း၊ သွပ်မိုး၊ သံဖရိန်ဖြင့် တည်ဆောက်ထားသည့် ဂိုထောင်တစ်လုံး၊ အဆိုပါဂိုထောင်အတွင်းထားရှိသည့် မက်သနောအနံ့အမွှေးဆီ ပေပါ ၁၅၀ လုံး၊ စုစုပေါင်းတန်ဖိုးငွေ ၄၅,၇၉၀,၀၀၀ ကျပ်ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါသည်။

ထိုကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားအား ဖော်ထုတ် ဖမ်းဆီးရမိနိုင် ရေးနှင့် အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် အလုပ်ရုံ မန်နေဂျာ ဦးမျိုးလှိုင်အား ပြန်လည် ကယ် တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)