ဆွမ်းခံကြွရာမှ ကျောင်းသို့ပြန်လာသော ဆရာတော်တစ်ပါးကို PDFအကြမ်းဖက်သမား ၃ ဦးက သေနတ်ဖြင့် ပစ်ခတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆွမ်းခံကြွရာမှ ကျောင်းသို့ပြန်လာသော ဆရာတော်တစ်ပါးကို PDFအကြမ်းဖက်သမား ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်



MNP ၊ မတ် ၉ 


မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြိုနယ်၊ ထန်းဆယ်ပင်ကျေးရွာ၊ မဟာဝိဇယရာမဘုန်းကြီးကျောင်းမှ ဆရာတော်တစ်ပါးကို မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် PDF အကြမ်းဖက်သမား ၃ ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ 


ဆရာတော် ဥူးဝိသုဒ္ဒါစာရ သက်တော် (၆၃)နှစ် ဝါတော် (၁၅) ဝါသည် ကျေးရွာအတွင်း ဆွမ်းခံကြွရာမှ ကျောင်းသို့ ပြန်လာစဉ် ဘုန်းကြီးကျောင်းအနီးအရောက်တွင် ဆိုင်ကယ် ၂ စီးဖြင့် PDF အကြမ်းဖက်သမား၃ ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


PDF အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် ရာတော်မှာ ဝဲရင်အုံအထက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲလက်သန်းကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲလက်သန်း ကျည်ထိမှန်ဒဏ်ရာ ၁ ချက်တိုရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)