ပေါင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project)ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project)ဖွင့်ပွဲကျင်းပ












MNP ၊ မတ် ၁၁

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project)ဖွင့်ပွဲကိုမတ် ၁၀ ရက် နံနက် ၉ နာရီက ပေါင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်သွင်နှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး e-Goverment ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူသင်း၊ဌာနဆိုင်ရာအကြီးအကဲများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် (pilot project)တွင် ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြတ်သွင်မှ  အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်ကာ စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်တဲ့ " အရေးပေါ်ကာလပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်အာဏာလွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒါကြောင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလိုအပ်တဲ့ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများအနက် အခြေခံကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနများအနေနဲ့ လုပ်ငန်းဆောင်ရွက်မှုအ‌ခြေအနေများကို သိရှိနာလည်ရန် ယခုလိုဌာနဆိုင်ရာကိုယ်စားလှယ်များအား ဖိတ်ကြားပြသခြင်းဖြစ်ကြောင်း၊ ယခုသရုပ်ပြအစီအစဉ်ကို အသေးစိတ်လေ့လာပြီး မိမိတို့ဌာနများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင်အညီ ပြည်နယ်အတွင်း ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းမှ ရှေ့ပြေးလုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး e-Government ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူသင်းမှ ရှေ့ပြေးလုပ်ငန်းစီမံချက်ပါ လုပ်ငန်းအဖွဲ့များ၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အဖွဲ့များခွဲ၍ စစ်ဆေးဆောင်ရွက်မှုတို့ကို သရုပ်ပြရှင်းလင်းပြောကြားခဲ့သည်။


လုပ်ငန်းအဖွဲ့များ အနေဖြင့် ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ( ၅၈ )အုပ်စုရှိ လူဦးရေ (၁၉၁၃၈၈ )ဦးခန့်၏ အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ကွန်ပျူတာနည်းပညာအသုံးပြု၍ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) လုပ်ငန်းစတင်ဆောင်ရွက်ခြင်းသရုပ်ပြအခမ်းအနားကို မွန်ပြည်နယ်အတွင်း မော်လမြိုင်ခရိုင် မော်လမြိုင်မြို့နယ်နှင့် သထုံခရိုင် ပေါင်မြို့နယ်တို့တွင် ဆောင်ရွက်ပြီးစီးပါက ကျန်မြို့နယ် (၈)မြို့နယ်၌ တပြိုင်နက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ဇာစိုး


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)