ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မြောင်းမြပညာရေးဒီဂရီကောလိပ်လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၇/၂၀၂၀)သင်တန်းဆင်းပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မြောင်းမြပညာရေးဒီဂရီကောလိပ်လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၇/၂၀၂၀)သင်တန်းဆင်းပွဲ တက်ရောက်


MNP - မတ်    ၄ 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်(၈)နာရီက မြောင်းမြမြို့နယ် ပညာရေး ဒီဂရီကောလိပ်၊ ပညာသီရိခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၇/၂၀၂၀) သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူများမှ ဆရာ၊ ဆရာမများ ခံယူအပ်သော သစ္စာအဓိဌာန် (၆)ရပ်ရွတ်ဆို၍ သစ္စာအဓိဌာန်ပြုပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။  ထို့နောက်    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၇/၂၀၂၀) သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်အလိုက် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး မြောင်းမြပညာရေး ဒီဂရီကောလိပ်သို့ ချီးမြှင့်ထောက်ပံ့ငွေကျပ် (၁၀)သိန်းပေးအပ်ခဲ့ရာ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာရှိန်မှ လက်ခံရယူခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သတင်း - ကေခိုင်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)