အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn မြန်မာနိုင်ငံသို့ လာရောက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn မြန်မာနိုင်ငံသို့ လာရောက်မည်


MNP ၊ မတ် ၃

အာဆီယံအလှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Prak Sokhonn သည် လာမည့် မတ်လ ၂၀ ရက်မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ကမ္ဘောဒီယားအခြေစိုက် ခမာတိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါခရီးစဉ် သည် အာဆီယံ အထူးကိုယ်စားလှယ်၏ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး ခရီးစဉ်နှင့်ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ မတ်လ ဒုတိယအပတ်တွင် သွားရောက်ရန်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်၍ သက်ဆိုင်ရာ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန် ရှိကြောင်း အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)