မန္တလေး - သူရဲဈေး မြို့ပတ်ရထားလမ်းပိုင်းတွင် RBE ရထား ပြေးဆွဲခြင်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေး - သူရဲဈေး မြို့ပတ်ရထားလမ်းပိုင်းတွင် RBE ရထား ပြေးဆွဲခြင်းဖွင့်ပွဲကျင်းပ

 


MNP -  မတ်   ၂၆

မန္တလေး - သူရဲဈေး မြို့ပတ်ရထားလမ်းပိုင်းတွင် RBE ရထား ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးတွင် ကျင်းပခဲ့ သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်အမှာ စကား ပြောကြားပြီး မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးက မြို့ပတ်ရထား ပြေးဆွဲရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် မန္တလေး-သူရဲဈေး မြို့ပတ်ရထား လမ်းပိုင်းအား မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် RBE မြို့ပတ်ရထားအား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။ ထို့နောက် ခရီးသည်များအား လိုက်လံနှုတ်ဆက ခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးခဲ့ပြီးနောက် မန္တလေး-သူရဲဈေး မြို့ပတ် ရထားလမ်းပိုင်းတွင် RBE ရထား မန္တလေးဘူတာကြီးမှ စတင်ထွက်ခွာခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်း - ထိပ်ထားနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)