ရွာငံမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအစီအစဉ်ဖြင့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွာငံမြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအစီအစဉ်ဖြင့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးလျက်ရှိ


MNP - မတ်    ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအစီအစဉ်ဖြင့် မြို့အဝင်စုပေါင်း စစ်ဆေးရေးဂိတ်၌ နေ့စဉ်နံနက်၈နာရီမှ ညနေ၅နာရီအထိ ပြည်သူ များအား ကိုဗစ်−၁၉ရောဂါပိုး ရှိ/ မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြို့နယ်အတွင်း ကိုဗစ်−၁၉ရောဂါကူးစက်မှု တားဆီးကာကွယ်နိုင်ရေးအစီအစဉ်ဖြင့် ပြည်သူ လူထုများအား ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင်အသုံးပြုစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ မြို့တွင်းမှ မြို့ပြင်ဝင်ထွက်သွားလာသည့် ပြည်သူများအား ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေးခြင်း၊ မော်တော်ယာဉ်ဖြင့် ခရီးသွားပြည်သူများအား စာရင်း မှတ်တမ်းကောက်ယူထားခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စစ်ဆေးပေးသည့်လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - ပြည့်ဖြိုးသန့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)