ပေါက်ခေါင်းမြို့အဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် RDT ဖြင့် စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့အဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်တွင် RDT ဖြင့် စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်




MNP - မတ်    ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့အဝင်ဂိတ်တွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် မြို့အတွင်း ဝင်ရောက်လာကြသူများကို ပါးစပ်နှာခေါင်းစည်း mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မည်သည့်အရပ်ဒေသမှ လာရောက်သည်ကို စစ်ဆေးမေးမြန်းခြင်း၊ mask ကို စနစ်တကျ တပ်ဆင်သွားလာရေး၊ ကာကွယ်ဆေး (၂)ကြိမ် ထိုးထားပြီးကြောင်း အထောက်အထားစစ်ဆေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ  သွားလာရေး အသိပညာပေးပြောကြားခြင်း၊ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကာကွယ်ဆေး မထိုးရသေးသူများနှင့် မြို့နယ်ခြားမှ ဝင်ရောက်လာသူများကို ရောဂါပိုး ရှိ၊မရှိ RDT ဖြင့်စစ်ဆေး ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတ်ငး - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)