တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် (Second Dose) တွင် (၁၄၄၅၃) ဦး၊ ဆဌမအသုတ် (Second Dose) တွင် (၄၇၄၁) ဦးနှင့် သတ္တမသုတ် (Covishield)(First Dose) တွင် (၂၄၉၇) ဦး ထိုးနှံပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် (Second Dose) တွင် (၁၄၄၅၃) ဦး၊ ဆဌမအသုတ် (Second Dose) တွင် (၄၇၄၁) ဦးနှင့် သတ္တမသုတ် (Covishield)(First Dose) တွင် (၂၄၉၇) ဦး ထိုးနှံပြီးစီး


MNP - မတ်    ၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ ပဉ္စမအသုတ်  (Second Dose) ဆဌမအသုတ် (Second Dose) နှင့် သတ္တမသုတ် (Covishield)(First Dose)၌ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ သာသနာ့ ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊  နိုင်ငံ ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေး ဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေး ထိုးနှံပေး ကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ထိ ပဉ္စမအသုတ် (Second Dose) ကာကွယ်ဆေး ထိုးနှံပြီးစီးသူ အသက် (၁၈) နှစ်အထက် ဘုန်းတော်ကြီးနှင့်သီလရှင် (၆၃) ဦး၊ နိုင်ငံဝန်ထမ်း (၂၀၄) ဦး ၊ အစိုးရ ကျန်းမာရေး ဝန်ထမ်း(၁)ဦး၊ပုဂ္ဂလိကကျန်’မာရေးဝန်ထမ်း(၄)ဦး၊  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း( ၅ ) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၂၈) ဦး ၊ ပုဂ္ဂလိက ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်း (၁၅) ဦး၊ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ (၇)ဦး၊ သယ်ယူပို့ဆောင်ရး လုပ်ငန်း လုပ်ကိုင်သူ (၇)ဦး၊ အခြားဝင်ငွေ ရှိသော လုပ်ငန်းလုပ်ကိုင်သူ (၁၂၇၄၃) ဦး၊ စားသောက်ကုန်ပစ္စည်းရောင်းချသူ/ လက်ဖက်ရည်ဆိုင်/ စားသောက် ဆိုင်များမှ ဝန်ထမ်း (၉) ဦး ၊  မှီခိုနေထိုင်သူ (၁၃၆၇) ဦး၊ စုစုပေါင်း (၁၄၄၅၃) ဦး၊ ဆဌမအသုတ် (Second Dose) တွင်  ဘုန်းတော်ကြီးနှင့် သီလရှင် (၄၇) ဦး၊ နိုင်ငံဝန်ထမ်း (၁၀၅) ဦး ၊ ပုဂ္ဂလိက ပို့ဆောင်ရေး ဝန်ထမ်း (၁ )ဦး၊အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ (၄၁၉၇) ဦး၊  စားသောက်ကုန် ပစ္စည်းရောင်းချသူ/ လက်ဖက်ရည်ဆိုင်/ စားသောက်ဆိုင် များမှဝန်ထမ်း (၄ )ဦး မှီခိုနေထိုင်သူ (၃၈၇) ဦး၊   စုစုပေါင်း (၄၇၄၁) ဦး၊ သတ္တမသုတ် (Covishield)(First Dose) ၌ ဘုန်းတော်ကြီးနှင့် သီလရှင် (၁၄) ဦး၊ နိုင်ငံဝန်ထမ်း (၆၇) ဦး၊  ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်း (၄၁) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း (၂) ဦး၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံတကာဝင်/ ထွက်ပေါက်များမှဝန်ထမ်း (၅၉) ဦး၊  အခြားဝင်ငွေ ရှိသော လုပ်ငန်း လုပ်ကိုင်သူ (၂၁၅၀) ဦး၊   မှီခိုနေထိုင်သူ (၁၆၄) ဦး၊ စုစုပေါင်း (၂၄၉၇) ဦးအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်၊ထိန်းချုပ်ဆေး ထိုးနှံပြီးစီးကြောင်း သိရ သည်။

သတင်း - ရဲတင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)