ရုရှားဖက်ဒရေးရှင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Shoigu ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Shoigu ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

 




MNP ၊ မတ် ၅


၂၀၂၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Shoigu ဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောဆိုခဲ့ပြီး ယူကရိန်းရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်းပိုင်နက်မှာ အထူးစစ်ဆင်ရေးပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို Sergei Shoigu က ပြောကြားခဲ့ပါတယ်။  Minsk သဘောတူညီချက်များကို ရှစ်နှစ်ကြာကာလအထိ ယူကရိန်းခေါင်းဆောင်တွေဟာ လိုက်နာရန် ပျက်ကွက်ခြင်း၊ အမျိုးသားရေးဝါဒီတွေနဲ့ နာဇီလက်သစ်တွေကို ဖွဲ့စည်းပုံများအားလုံးသို့ ဝင်ရောက်ရန် တွန်းအားပေးခြင်းနဲ့ မကြာသေးမီ ကာလများက Donbass အရပ်သားလူထုကို ပြင်းထန်စွာ ပစ်ခတ်ခြင်းတွေ ဖြစ်ပွားခဲ့ကြောင်း။

ပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာရေး ညှိနှိုင်းမှုဟာ zero line(အပေါင်းလက္ခဏာ မရှိ)ထက် ကျော်လွန်သွားခြင်းမရှိကြောင်း ကာကွယ်ရေးဝန်ကြီးက မှတ်ချက်ပြုခဲ့ပါတယ်။ ဝါရှင်တန်နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းနိုင်ငံ အရှေ့တောင်ဘက်မှာရှိတဲ့ လူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ရန် တွန်းအားပေးရမယ့်အစား လက်နက်များနဲ့ ခဲယမ်းမီးကျောက်များကို ယူကရိန်းအတွင်းသို့ စတင်ရောင်းချကာ ပဋိပက္ခကို အင်အားသုံးဖြေရှင်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း။ အနောက်နိုင်ငံများရဲ့ ပံ့ပိုးကူညီမှုဟာ Kyiv ကို နျူလက်နက်ပိုင်ဆိုင်ကြောင်း ကြေငြာနိုင်တဲ့ အတိုင်းအတာအထိ လှုံ့ဆော်ပေးခဲ့ကြောင်း။ ယူကရိန်းဟာ အနောက်အုပ်စုရဲ့ ကြိုးပမ်းမှုကြောင့် ရုရှားအပေါ် ရန်လိုတဲ့ ဆန့်ကျင်မှုတွေကြောင့် ရုရှားရဲ့ လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်လာတဲ့ နယ်မြေတစ်ခုအဖြစ် ဖြစ်တည်လာခဲ့ကြောင်း။

ဗိုလ်ချုပ်ကြီး Sergei Shoigu ဟာ အထူးစစ်ဆင်ရေးကာလအတွင်း ယူကရိန်းအရှေ့တောင်ပိုင်းအရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သော ပြစ်ဒဏ်ခတ်စစ်ဆင်ရေးပြုလုပ်ရန်အတွက် ယူကရိန်းမှ ဖန်တီးထားသော စစ်ဘက်အခြေခံအဆောက်အဦတွေကိုသာ ပိတ်သိမ်းနိုင်‌ရေး ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

ရုရှားစစ်တပ်ဟာ အရပ်သားတွေကို ခြိမ်းခြောက်ခြင်းမပြုကြောင်း၊ အရပ်ဘက်ပစ္စည်းများကို ပစ်ခတ်ခြင်းမပြုဘဲ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေပါ အချက်တွေကို အပြည့်အဝလိုက်နာပါကြောင်း။

ရုရှားဖက်ဒရေးရှင်း ကာကွယ်ရေးဝန်ကြီးဟာ နိုင်ငံရပ်ခြားမှ ကြေးစားစစ်သားများပါရှိတဲ့ အမျိုးသားရေးဝါဒီတွေနဲ့ နာဇီလက်သစ်အဖွဲ့အစည်းတွေဟာ "လူသားဒိုင်း" အဖြစ် အရပ်သားတွေရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတဲ့အချက်ကို ဂူတာရက်စ်အား အထူးအလေးပေး ပြောကြားခဲ့ပါတယ်။ မြို့ကြီးတွေရဲ့ လူနေရပ်ကွက်တွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတွေကဲ့သို့ ပြုမူကာ အရပ်သားပြည်သူလူထုတွေအပေါ် ခြိမ်းခြောက်မှု ဖြစ်စေခြင်းကို လျစ်လျူရှုကာ ကြီးမားတဲ့ စစ်လက်နက်ပစ္စည်းများ (တင့်ကားများ၊ MLRS၊ အမြောက်များနှင့် မော်တာများ) ထားရှိတဲ့ အထောက်အထားများရှိပါကြောင်း။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အမျိုးသားရေးဝါဒီတွေဟာ ယူကရိန်းမှာ ပညာသင်ကြားနေတဲ့ လူငယ်ထောင်ပေါင်းများစွာ အပါအဝင် နိုင်ငံခြားသားတွေကို ဓားစာခံအဖြစ် ပြုလုပ်ကာ ယူကရိန်းတပ်များ ဆုတ်ခွာသွားတဲ့ လုပ်ရပ်အပေါ် ကိယက်ဗ်အစိုးရရဲ့ သဘောထားမှာ အလွန်အမင်း စိတ်ပျက်‌စရာကောင်းပါကြောင်း။ ဥပမာအားဖြင့် Kharkov ရှိ မီးရထားဘူတာရုံမှာ နှစ်ရက်ကျော်ကြာ ကျောင်းသားအများစုဖြစ်တဲ့ အိန္ဒိယနိုင်ငံသား သုံးထောင်ကျော်ကို ထားရှိခဲ့ကြောင်း။ Belgorod အတွက် အိန္ဒိယက ကျောင်းသားတွေက Kharkov ကို ခြေလျင်လျှောက်ရန် ကြိုးပမ်းမှုကို ရပ်တန့်ခဲ့ပြီး ၎င်းတို့ကို သေနတ်ဖြင့် ချိန်ပြီး ပြန်ခိုင်းကာ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။  အများစုမှာ ဆူမီမြို့အပါအဝင်ဖြစ်ပြီး ယနေ့တိုင် ပြုလုပ်ဆဲဖြစ်ပါတယ်။ Kharkov မှ ထွက်ခွာရန် ကြိုးပမ်းသော တရုတ်ကျောင်းသားတွေကို နီယိုနာဇီတွေက ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီလိုပစ်ခတ်မှုမှာ ကျောင်းသား နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေဟာ စစ်ပွဲဇုန်က ထွက်ခွာရန် ကြိုးပမ်းကြသော်လည်း ခွင့်မပြုခဲ့ကြပေ။ တကယ်တော့ သူတို့ဟာ ဓားစာခံအဖြစ် ဖမ်းဆီးခြင်းခံရပြီး သူတို့ရဲ့ အသက်အန္တရာယ်ကို ကြီးကြီးမားမား ခြိမ်းခြောက်ခံနေရပါတယ်။

ရုရှားဖက်ဒရေးရှင်း ကာကွယ်ရေးဝန်ကြီးက ရုရှားစစ်သည်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရှိတဲ့ အရပ်သားတွေ ထွက်ပေါက်အတွက် လမ်းများဖန်တီးခဲ့ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသားရေးဝါဒီတွေရဲ့ လက်နက်နဲ့ ခြိမ်းခြောက်မှုကို ခွင့်မပြုခဲ့တဲ့အကြောင်း။

ရုရှားဖက်ဒရေးရှင်းရဲ့ အမျိုးသားကာကွယ်ရေးထိန်းချုပ်ရေးစင်တာကို အခြေခံပြီး လူသားချင်းစာနာထောက်ထားရေးနဲ့ တုံ့ပြန်မှုဆိုင်ရာ ဌာနဆိုင်ရာ ညှိနှိုင်းရေးဌာနချုပ်ကို ဖွဲ့စည်းခဲ့ကြောင်း ဗိုလ်ချုပ်ကြီး Sergei Shoigu က ကြေငြာခဲ့တဲ့အကြောင်း။

ယူကရိန်းပိုင်နက်အတွင်းက ကုလသမဂ္ဂဝန်ထမ်းတွေကို ကယ်ဆယ်ရာတွင် အကူအညီပေးခဲ့ပြီး မည်သည့် ထိခိုက်မှု ဖြစ်ရပ်မျိုးမှမရှိဘဲ စနစ်တကျလုပ်ဆောင်ခဲ့အပေါ် ရုရှားကာကွယ်ရေးဝန်ကြီးအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ကျေးဇူးတင်ရှိကြောင်း။ ယူကရိန်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် သက်ဆိုင်ရာ ကုလသမဂ္ဂဖွဲ့စည်းပုံများနဲ့အညီ ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့အကြား အပြန်အလှန်အကျိုးသက်ရောက်မှု တိုးမြှင့်ရန် ၎င်းက တောင်းဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး Sergei Shoigu ဟာ ကုလအတွင်းရေးမှူး Antonio Guterres ရဲ့ တောင်းဆိုမှုကို ကတိပြုခဲ့ကြောင်း သိရှိရပါတယ်။

#р_в_мать_сын

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)