အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်သည့် Shelter များအနက် လုပ်ငန်းဆောင်ရွက်ဆဲ Shelter များ အမြန်ဆုံး တည်ဆောက်ပြီးစီးနိုင်ရေး ညှိနှိင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်သည့် Shelter များအနက် လုပ်ငန်းဆောင်ရွက်ဆဲ Shelter များ အမြန်ဆုံး တည်ဆောက်ပြီးစီးနိုင်ရေး ညှိနှိင်းအစည်းအဝေးကျင်းပ







MNP ၊ မတ် ၁


သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေမြင့်မားသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဘေးဒဏ်ခံအဆောက်အဦ Shelter များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်ဆဲ Shelter များနှင့် စပ်လျဉ်း၍ ညှိနှိင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်    လုပ်ငန်းဆောင်ရွက်ဆဲ Shelter များသည် လက်ရှိအခြေအနေအရ  ကိုဗစ်ကာလဖြစ်ခြင်း၊  ဘဏ်ငွေထုတ်ယူမှု အခက်အခဲများရှိခြင်း၊ ဆောက်လုပ်ရေးပစ္စည်း ဈေးနှုန်းများကြီးမြင့်ခြင်း၊ လုပ်သားရှားပါးခြင်းနှင့်  မြေပြင်လုံခြုံရေးအခြေအနေ စသည်တိုကြောင့် လုပ်ငန်းများရပ်နားလျက်ရှိသည့်အပေါ်  ပြီးစီးနိုင်သည့် အခြေအနေ ရှိသော Shelter များ၊ ပြီးစီးနိုင်ခြေနည်းသော Shelter များ စသည်ဖြင့် သီးခြားခွဲထုတ်ပြီးနောက် ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်းများကို အကြံပြုချက်နှင့်တကွ 

အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌထံသို့ တင်ပြလမ်းညွှန်မှုခံယူနိုင်ရေး ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 


 အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ပေးလျက် ရှိသည့် Shelter စုစုပေါင်း (၁၄၆) လုံး ရှိသည့်အနက် ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက် သည့်(၈၇)လုံးတွင် ကုမ္ပဏီများက လုပ်ငန်းပြန်လည်အပ်နှံသည့်  ဧရာဝတီတိုင်းဒေသကြီးမှ ၃လုံး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်တိုမှ ၁လုံးစီ စုစုပေါင်း Shelter (၅) လုံးကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲများ၏ ငွေစာရင်းများသို လွှပြောင်းပေးပိုပြီး သက်ဆိုင်ရာအစိုးရအဖွဲများကို တာဝန်ယူဆောင်ရွက်စေခဲ့သဖြင့် ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခြင်း (၈၂)လုံး၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲများက တာဝန်ယူဆောင်ရွက်ခြင်း (၆၄)လုံး ဖြစ်ပါကြောင်း၊  ပြည်ထောင်စုမှတာဝန်ယူ ဆောင်ရွက်ခြင်း (၈၂) လုံးအနက် (၆၅) လုံး ဆောက်လုပ်ပြီးစီးခဲ့ပြီး (၁၇) လုံးမှာ ဆောင်ရွက်ဆဲ အခြေအနေဖြစ်၍ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲများက တာဝန်ယူဆောင်ရွက်ခြင်း (၆၄) လုံး အနက် (၅၇) လုံး ဆောက်လုပ်ပြီးစီးခဲ့ပြီး (၇) လုံးမှာ ဆောင်ရွက်ဆဲအခြေအနေ ဖြစ်ပါကြောင်း၊ ရာခိုင်နှုန်းအလိုက် ပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူက ရှင်းလင်းတင်ပြခဲ့မှုအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)