ဘုရားသုံးဆူမြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) နဝမအသုတ် ပထမကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရားသုံးဆူမြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) နဝမအသုတ် ပထမကြိမ် ထိုးနှံထားသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းဆောင်ရွက်

 


MNP -  မတ်    ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) နဝမအသုတ် ဒုတိယအကြိမ် ထိုးနှံခြင်းကို နံနက် ၉ နာရီခွဲအချိန်တွင် ဘုရားသုံးဆူမြို့ မြို့တော်ခန်းမ၌ ကျန်းမာရေးဌာန၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ထိုးနှံရာတွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ကြက်ခြေနီအသင်းအဖွဲ့များမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ကွာကွယ်ဆေးနှင့် ပတ်သတ်သည့်  အသိပညာများအား အသေးစိတ်ရှင်းပြခြင်း၊ သွေးတိုး၊ ဆီချိုး ၊နှလုံး ရောဂါခံရှိသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ကိုယ်ပူချိန်များ တိုင်းတာ ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးသည်။အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)ကို ဘုရားသုံးဆူမြို့ပေါ်ရှိနေထိုင်သူ ရပ်ကွက်လူဦးရေအိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များဖြင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင်  လူဦး‌ရေ ၂၀၀၀ ဦးစာ ထိုးနှံပေးခဲ့ရာ ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ဒုတိယအကြိမ် ဆေးထိုးနှံမှုကို ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသောသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)