ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင်ပါဝင်သူများနှင့် အသက် (၁၂)နှစ် နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ပဉ္မမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေး (Sinovac)ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင်ပါဝင်သူများနှင့် အသက် (၁၂)နှစ် နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ပဉ္မမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေး (Sinovac)ဆက်လက်ထိုးနှံ





MNP - မတ်     ၁၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများနှင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ပဉ္မမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် မြင့်ဂါ ကျေးလက်ကျန်းမာရေးစုရပ်တွင် ယမန်နေ့နံနက်(၁၀)နာရီက ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျထိုးနှံနိုင်စေရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊  ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်စေတနာ့ဝန်ထမ်း များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေ ရှိသူများကိုသာ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္မမအသုတ်(ဒုတိယ)အကြိမ်ကို ယမန်နေ့တွင် မြင့်ဂါကျေးလက်ကျန်းမာရေးစုရပ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူ(၆၅)ဦး လာရောက်ထိုးနှံခဲ့ပြီး၊ အသက်(၁၂)နှစ် နှင့်အထက် ကျောင်းသား/ကျောင်းသူ (၉၃)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)