ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village) အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village) အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်း



MNP - မတ်    ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာစီမံကိန်း (Smart Village) စီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီခွဲတွင် အဆိုပါဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးဝင်းမှ အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းက စီမံကိန်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ညှိနှိုင်းဆွေးနွေးပွဲ၌ မြတောင်ကျေးရွာအုပ်စု၊ နန့်လိုင်ကျေးရွာတွင် ဖော်ထုတ်ရရှိသော အခြေခံ လိုအပ်ချက်များဖြစ်သည့် ကျန်းမာရေးဆေးခန်း၊ ကုန်ထုတ်လမ်း၊ ရွာလမ်းပြုပြင်တိုးချဲ့ရေး၊ စာသင်ကျောင်းတိုးချဲ့ရေး၊ လယ်ယာစိုက်ပျိုးရေးရရှိရေး၊ အမှိုက်စွန့်ပစ်ရန်နေရာ၊ ဆည်မြောင်း ဟောင်းပြုပြင်ရေး၊ ဝန်ထမ်းနေအိမ်ရရှိရေး၊ နွားမွေးမြူရေး၊ ကျေးရွာခန်းမဆောင်၊ ကျေးရွာအတွက် သမချေးငွေကဲ့သို့သော ချေးငွေများ ပြန်လည်ချပေးရန်၊ သောက်သုံးရေ လိုအပ်ချက်များ ပြန်လည်ဖြည့်ဆည်းပေးရေး စသည့်အချက်အလက်များကို တက်ရောက်လာကြသည့် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ အား/ကာဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ မွေးကုဦးစီးဌာန၊ သမဝါယမဦးစီးဌာတို့မှ တာဝန် ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - သန်းလွင်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)