(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် Solar Mini –Grid မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် Solar Mini –Grid မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP -  မတ်    ၂၈

၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့မှကျရောက်သည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မဟာဓာတ်အားလိုင်း ပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း( NEP OFF- GRID) ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နိုင်ငံတော်၊ ကုမ္ပဏီနှင့် ပြည်သူပူးပေါင်း ဆောင်ရွက်သော ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ်(Solar Mini –Grid ) မီးလင်းရေး ဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီက ပုလောမြို့နယ် ကျောက္ကာကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ညွှန်ကြားရေးမှူး ဦးရဲခေါင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးက ကျွန်တော်တို့ အားလုံးတွင် တာဝန်ရှိကြောင်း၊ ကျေးလက်ဦးစီး ဌာနအနေဖြင့် သက်ဆိုင်သူများ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်၍  ပြည်သူ့အကျိုးကို အစဉ်ရှေ့ရှုကာ ဝန်ဆောင်မှု ကောင်းပေးလျက်ရှိရာ ပွင့်လင်းမြင်သာမှု ရိုးသားဖြောင့်မတ်မှု အပြန်အလှန် လေးစားမှုများဖြင့် စည်းလုံး ညီညွတ်စွာ ဆောင်ရွက်သွားကြဖို့ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် စက်ရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပြီး Solar Pump House အားလှည့်လည်ကြည့်ရှု့ခဲ့ရာ Techno-Hill Engineering Co;ltd မန်နေဂျင်း ဒါရိုက်တာ ဒေါ်ဘရဏီအောင်က ရှင်းလင်း ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မဟာဓာတ်အားလှိုင်း ပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း( NEP OFF- GRID) ဖြင့် ပုလောမြို့နယ် ကျောက္ကာကျေးရွာတွင် (209) KW အသေးစားဓာတ်အားလှိုင်းစနစ်ကို ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန  (၆၀%) ၊ ကုမ္ပဏီ (၂၀%) ၊ပြည်သူ (၂၀%) ထည့်ဝင်ငွေဖြင့်  GIZ မှ နည်း ပညာကူညီ ထောက်ပံ့မှု နှင့်အတူ Techno-Hill Engineering ကုမ္ပဏီမှ ၂၀၁၉ ခုနှစ် မတ်လတွင် စတင် အကောင် အထည် ဖော်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလမှစတင်၍ ဆိုလာအသေးစား ဓာတ်အား ပေးစနစ်ဖြင့် လျှပ်စစ်ဓာတ်အားကို စတင် ရရှိ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပုလောမြို့နယ် ကျောက္ကာကျေးရွာသည် ရေပတ်လည်ဝိုင်းရံလျက်ရှိသော ကျွန်းဖြစ်ပြီး ယခင်က ပုဂ္ဂလိက လျှပ်စစ်မီးကို အချိန် ပိုင်း အသုံးပြုရပြီး၊ ယခုအခါ အိမ်ခြေ ၅၁၈ အိမ် အကျိုးပြုလူဦးရေ ၃၁၀၈ ဦး စာသင်ကျောင်း ၂ ကျောင်း ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်း စာကြည့်တိုက် ၁ ခု တိုက်နယ် ဆေးရုံ ၁ရုံ လမ်းမီး ၅၇ တိုင် စက်မှု လုပ်ငန်းသုံး အိမ်ခြေ ၃၀ ခု တို့တွင် အိမ်သုံး တစ်ယူနစ် ၃၅၀ ကျပ် လုပ်ငန်းသုံး ၄၅၀ ကျပ် အများပိုင် အဆောက်အဦးများတွင် (၁)လလျှင် ယူနစ် ၂၀ အထိအခမဲ့ သုံးစွဲခွင့် ပြုခဲ့ပြီး ၂၄ နာရီတိုင်တိုင် လျှပ်စစ်မီး ရရှိနေပြီ ဖြစ်ကား အသေးစားစက်မှု လုပ်ငန်းများအပြင် အမျိုးသမီးများတွင် အိမ်တွင်း တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ကျေးရွာ မီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှရှီထံမှ သိရသည်။

သတင်း - အေးအေးမော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)