မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပရဟိတအဖွဲ့များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများအား Sputnik Light ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပရဟိတအဖွဲ့များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသူများအား Sputnik Light ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး


MNP - မတ်    ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင် ကြီးကြပ် မှုဖြင့် လူမှုကူညီရေးအသင်းများမှ ပရဟိတလုပ်ငန်းဆောင်ရွက်နေသည့်အဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရ သေးသည့် အသက်၁၈နှစ်အထက်မှ အသက်၅၀နှစ်အထက် ပြည်သူများအား Sputnik Light ကိုဗစ်-၁၉ထပ်ဆောင်း ကာကွယ်ဆေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Sputnik Light ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်၁၈နှစ်အတွင်းမှ ၅၀နှစ်အထက် ရပ်ကွက်နေပြည်သူများထဲမှ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးရသေးသည့်သူများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီးနောက် ခြောက်လ ပြည့်ပြီးသည့်သူများကိုသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ယနေ့ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရာဆေးထိုးစုရပ်ဖြစ်သည့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေးကော်မတီမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ၏ လိုအပ်ချက်များမေးမြန်းကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကာကွယ် ဆေး လာရောက်ထိုးနှံသူအမျိုးသား(၅၅)ဦး၊ အမျိုးသမီး(၁၀၇)ဦး စုစုပေါင်း(၁၆၂)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း - သန္တာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)