စစ်ကိုင်းခရိုင်တွင် “လူငယ်နှင့်လုပ်ငန်းခွင်ပြဿနာ” ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းခရိုင်တွင် “လူငယ်နှင့်လုပ်ငန်းခွင်ပြဿနာ” ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်



MNP - မတ်    ၂၆

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်    ”လူငယ်နှင့်လုပ်ငန်းခွင်ဿနာ” ခေါင်းစဉ် ဖြင့် Talk Show ကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ဦးမောင်မောင်လွင်က “လူငယ်နှင့်လုပ်ငန်းခွင်ပြဿနာ “ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာ ယနေ့အိုင်တီ ခေတ်မှာ လူငယ်များဟာ အကျိုးပြုတဲ့ နည်းပညာတွေနောက် လိုက်ပါရင်း စိတ်ဓာတ်မြင့်မားတာကို တွေ့ရပါတယ် မိမိတို့ခံစားချက်ကို ရှေ့တန်းတင်ပြီး အမြင် မတူညီမှုတွေနဲ့ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီဝန်ထမ်းအဖွဲ့အစည်းမှာပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်မှာ ပြဿနာတွေကြုံကြရပါတယ် ဒီပြဿနာတွေကို ကောင်းသောနည်းလမ်းများနဲ့ တဦဝန်ရှိသူအဆင့်ဆင့်တို့က ရှာဖွေဖြေရှင်းညှိနှိုင်းဆောင်ရွက် သွားကြလျှင် အဆင်ပြေမှုရရှိလာ မှာဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိနိုင်စေရန် စာအုပ်များအခမဲ့ငှားရမ်းခြင်း၊ Talk Show များစဉ်ဆက်မပြတ် ကျင်းပခြင်း၊ ကလေးများအား ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)