MNP - မတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ပူးပေါင်း၍ မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ် တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ Talk Show တွင် မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့် အကြောင်းရသည့်အကြောင်းရင်းများ၊ မီးခိုး မြူငွေ့များ ကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ မီးခိုးမြူငွေ့များ မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်ရန် နည်းလမ်းများ၊ မီးခိုးမြူ ငွေ့များကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများအား ကာကွယ်နိုင်သည့်နည်းလမ်းများကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးချမ်းမြေ့စိုးက အသေးစိတ်ဆွေးနွေး ပြောကြားသည်။
မီးခိုးမြူငွေ့များသည် လူသားများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုင်နိုင်သည့်အပြင် မီးခိုးမြူငွေ့များဆိုင်းနေသည့် ပတ်ဝန်းကျင် တွင် အပင်များရှင်သန်ရန် ခက်ခဲစွာအံတုနေရခြင်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများထိခိုက်ခြင်း၊ ဟိုတယ်၊ ကျောင်းနှင့် အများပြည်သူဆိုင်ရာနေရာများအား ပိတ်ထားရခြင်းကြောင့် ပညာရေးနှင့် စီးပွားရေးကို ထိခိုက် စေနိုင်ခြင်း၊ လေထုညစ်ညမ်းမှုမှ တစ်ဆင့် ရာသီဉတုပြောင်းလဲမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် ရွှေ့ပြောင်းတောင်ယာအစား လှေကား ထစ်စိုက်ပျိုးခြင်းများ ပြုလုပ်ရန်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူသော သစ်ပင်များအား စိုက်ပျိုးရန်၊ တောင်ယာများ၊ စိုက်ခင်းများ မီးရှို့ခြင်းအား အတတ်နိုင်ဆုံးရှောင်ရှားရန်နှင့် ထိန်းချုပ်မီးရှို့သော စနစ်ကို ကျင့်သုံးရန်၊ တရားမဝင်အမဲလိုက်ခြင်း၊ ပျားဖွတ်ခြင်းလုပ်ငန်းများအား လျော့ချရန်နှင့် တောမီးလောင်ပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအကြောင်းကြားပြီး ငြိမ်းသတ်ရန် လိုအပ်ကြောင်း သိရသည်။
သတင်း - ယာဆေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment