မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ပြုလုပ်



MNP - မတ်    ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများအသိပညာ ဗဟုသုတများ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်စေရန်ရည်ရွယ်၍ Talk Show အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး Talk Show အစီအစဉ်အား လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ Talk Show ဆောင်ရွက်ရာတွင် စာရေးဆရာမ ဒေါ်မေမြတ်စန္ဒာက (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်၏ သမိုင်းကြောင်းများ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ်နှင့် တပ်မတော်နှင့် ပြည်သူလက်တွဲ၍ နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေး ကဏ္ဍများ ဖော်ဆောင်သွားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရမည့် အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရေးအတွက် ဆွေးနွေးပြောကြား ပေးခဲ့သည်။ အဆိုပါ Talk Show အစီအစဉ်အား We Love Mingalar Taung Nyunt Page မှ တစ်ဆင့် အများ ပြည်သူများ အသိပညာတိုးပွားရေးအတွက် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - ကျော်သူဟိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)