ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ လူငယ်ရေးရာသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ လူငယ်ရေးရာသိပညာပေး Talk Show ပြုလုပ်

 


MNP -  မတ်   ၂၄ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန် ကလူငယ်ရေးရာအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက "လူငယ်နှင့်ရည်မှန်းချက်" "စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ" အကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်နန်းထား ထားလှိုင် က"လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး" "လူငယ်နှင့်စာရိတ္တ" အကြောင်းကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ချိုချိုစန်းက"လူငယ်နှင့်ကျန်းမာရေး" ကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ပိုးသားခင်က"လူငယ်နှင့်ကြီးပွားရေး"ကိုလည်းကောင်း၊ ရုံးအကူ ဒေါ်ဆွေဇင်မိုးက "မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး"ကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြပြီး လူငယ်များ အသိပညာဗဟုသုတရရှိစေရေးအတွက် Online စနစ်ဖြင့် ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)