တောင်ငူ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ



MNP - မတ်    ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင် ပြန်/ဆက်ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝင်းတို့က မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်၊ မီးဘေးလုံခြုံရေးနှင့် ပတ်သက်၍ လိုက်နာ ရမည့် အချက်များ၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေးတို့နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုလုပ်ငန်းစဉ်များအပြင် မီးလောင်မှုဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ မီးသတ်ဦးစီးဌာနသို့ အလျင်အမြန် ဆက်သွယ်နိုင်ရန် အရေးပေါ် တယ်လီဖုန်းနံပါတ်များ သိရှိစေရေးတို့ကို  အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို တောင်ငူခရိုင် ပြန်/ဆက်ဦးစီးဌာန၏ ခရိုင်ပြည်သူ့စာကြည့်တိုက် အမည်ဖြင့် ဖွင့်လှစ်ထားသည့် လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် တင်ဆက်မည်ဖြစ်ပြီး ပြည်သူများဝင်ရောက်ကြည့်ရှု လေ့လာနိုင်ရန် စီစဉ်ရိုက်ကူးခဲ့ကြောင်း သိရ သည်။

သတင်း - ဇော်ထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)