ဗိုလ်တထောင်မြို့နယ်တွင် ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်တွင် ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ



MNP - မတ်   ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ( ၁ဝး၀၀ )နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Talk Show တွင် ဆရာဦးအောင်ဟိန်းသူက ကျန်းမာရေးအသိပညာပေး ဆွေးနွေးရာတွင် အသီးအရွက်များမှရရှိသော ကျန်းမာရေး ဓာတ်စာများ၊ အသားငါး၊ပဲတို့မှရရှိသော ကျန်းမာရေး ဓာတ်စာများ၊ ဂေါက်ရောဂါဖြစ်နေသူများအတွက် အစားအစာများ၊ သွေးတိုး၊ဆီးချို၊ နှလုံးရောဂါ ဖြစ်နေသူများအတွက် စားသုံးသင့်သော အစားအစာများ၊ စားသုံးရန်မသင့်သော အစားအသောက်များနှင့် မြန်မာ့တိုင်းရင်းဆေးနည်းပညာဖြင့် ကုသမှုခံယူခြင်းတို့ကို ကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - သိန်းသိန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)