မုံရွာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ နေကြာ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး (TOT) အသိပညာပေး သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ နေကြာ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး (TOT) အသိပညာပေး သင်တန်းဖွင့်လှစ်


MNP - မတ်    ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးရှိ အောင်သလ္လာခန်းမတွင် တိုင်းဒေသကြီးအတွင်း စားသုံးဆီ ဖူလုံစွာရှိရေးအတွက် ရည်ရွယ်ပြီး နေကြာစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး (TOT) အသိပညာပေး သင်တန်းကို ယနေ့ နံနက် (၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး (စီမံ) ဦးထွန်းရှိန်နှင့် တိုင်းမျိုးစေ့တာဝန်ခံ ဦးရဲမင်းလှတို့က အသီးသီး အမှာစကား ပြောကြားပြီး ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းမြင့် က သင်တန်း ဖွင့်လှစ်ရခြင်း အကြောင်းအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်နှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ဇလုပ် သုတေသနခြံ တာဝန်ခံ ဒေါက်တာကျော်စွာဝင်းတို့မှ စပ်မျိုးနေကြာ ထုတ်လုပ်ပုံ အဆင့်ဆင့် အား လည်းကောင်း၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေး တာဝန်ခံရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်က ပျားမွေးမြူရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို လည်းကောင်း  မုံရွာမြို့နယ် မရိုးတောကျေးရွာ တောင်သူ ဦးကျော်ထွန်းနှင့်  ဘုတလင်မြို့နယ် အုတ်အိုင်ကျေးရွာ တောင်သူ ဦးတင်ထွေးတို့က နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်ရေးအကြောင်းအား လည်းကောင်း  ပေါက်အင်း စိုက်ကွင်း ဒုတိယဦးစီးမှူး ဦးချစ်လှိုင် က နေကြာသီးနှံ မျိုးစေ့ထုတ်လုပ်ငန်း အကြောင်းအား လည်းကောင်း၊ ကြေးမုံခြံတာဝန်ခံ ဦးကျော်ဇော က နေကြာသီးနှံ စိုက်ပျိုး ထုတ်လုပ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို လည်းကောင်း အသီးသီး အပြန်ပြန် အလှန်လှန် ဆွေးနွေးရှင်းလင်း ပြောကြားခဲ့ကြပြီး   အခမ်းအနားသို့ တက်ရောက်လာကြသည့် စိုက်ပျိုးရေး ဝန်ထမ်းများနှင့် ဒေသခံတောင်သူ စုစုပေါင်း(၃၀)ဦး၏ သိရှိလိုသည့် အထွေထွေ မေးမြန်းမှုများကို စိုက်ပျိုးရေး ပညာရှင်များက အသီးသီးကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ရှင်းလင်း ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစွာ ရရှိရေးအတွက် နှမ်း၊ မြေပဲနှင့် နေကြာ စသည့် ဆီထွက်သီးနှံများကို အလေးထား စိုက်ပျိုးလျက်ရှိရာတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ဘုတလင်၊ ချောင်းဦးနှင့် အရာတော်မြို့နယ်များတွင် ယခင် မိုး/‌ဆောင်း နေကြာ စိုက်ဧက စုစုပေါင်း(၃၆၈၂၂)ရှိပြီး ယခုနှစ်တွင် တိုးချဲ့လျာထား ဆောင်းနေကြာ စိုက်ဧက(၅၂၀၀) စိုက်ပျိုး လျက်ရှိရာ စုစုပေါင်း မိုးနေကြာ(၇၆၈၂)ဧက၊ ‌ဆောင်းနေကြာ(၃၄၃၄၀) ဧက စိုက်ဧက စုစုပေါင်း(၄၂၀၂၂)စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)