လက်ပံတန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ လွှဲပြောင်းအပ်နှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ လွှဲပြောင်းအပ်နှံ

 


MNP - မတ်   ၂၄

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများအား ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းများလွှဲပြောင်း အပ်နှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်စိုးက လက်ပံတန်း မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျေးရွာ(၅)ရွာ၏ လုပ်ငန်းများ ရှင်းလင်းပြောကြားပြီး၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ တစ်ရွာလျှင်ကျပ်သိန်း (၁၀၀)ဖြင့် ရေနောက်ကျေးရွာ၊ သက္ကယ်ကုန်းကျေးရွာ၊ ဖိုးခေါင်စုကျေးရွာ၊ရေပျံစေတီကျေးရွာနှင့် ဂရံရွာသစ်ကျေးရွာများတွင် ကျေးရွာတွင်းလမ်းများ ဂဝံမြေနီခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကျေးရွာအလိုက် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)