သံတောင်ကြီးမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် လျှပ်စစ်မီးသွယ်တန်းခြင်း ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးမြို့နယ် ရွာသစ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် လျှပ်စစ်မီးသွယ်တန်းခြင်း ဆောင်ရွက်ပြီးစီး

 



MNP - မတ်   ၂၉

ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP ဖြင့် ကျေးရွာအုပ်စု(၃)အုပ် စုရှိကျေးရွာ(၃)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလမှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ရွာသစ်ကုန်းကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွာသစ်ကုန်းကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရန်ပုံငွေကျပ်သိန်း (၁၀၀)နှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ်(၁၀)သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးလက်နေပြည်သူများအနေဖြင့် လျှပ်စစ်မီးရရှိသည့်အတွက် လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းထံက သိရသည်။

သတင်း - နာ်နော်မူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)