ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးစဉ်ဒေသတွင် ပထမဆုံးဖွင့်လှစ်ပြသသည့် Visiting Myanmar Virtual Reality Tour တို့အား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးစဉ်ဒေသတွင် ပထမဆုံးဖွင့်လှစ်ပြသသည့် Visiting Myanmar Virtual Reality Tour တို့အား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

 




MNP - မတ်    ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေခရီးစဉ် ဒေသကို ရေရှည်တည်တံ့ခိုင်မြဲ စေရန်နှင့် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှဖွင့်လှစ်ထားရှိသည့် သတင်းပြန်ကြားရေးကောင်တာသုံးခုနှင့် မြန်မာနိုင်ငံတွင် ပထမဆုံးဖွင်လှစ်ပြသသည့်  Visiting Myanmar Virtual Reality Tour တို့အား ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇေယျာမျိုးအောင် လိုက်လံကြည့်ရှုစ်စဆေးခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှဖွင့်လှစ်ထားရှိသည့် ပြန်ကြားရေးကောင်တာသုံးခု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာမျိုးအောင်သည် ကျောက်မျက်မှော်ဘုရားသို့သွားရောက်ကြည့်ရှုကာပုဂံရုံး ခွဲမှဆောင်ရွက်ထားရှိမှုများကိုတာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။ဒုတိယညွှန် ကြားရေးမှူးချုပ်က ပုဂံခရီးစဉ်ဒေသကို ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့်ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များ မပျက်မစည်းထိန်းသိမ်းရန်၊ မြေပေါ်မြေအောက်ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက် စေရန်၊ ခရီးသွားဧည့်သည်များစွန့်ပစ်ထားခဲ့သည့် စွန့်ပစ်အမှိုက်များအား သက်ဆိုင်ရာဌာနများနှင့် စနစ်တကျထိန်းသိမ်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို ထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်များမပျက်စီးစေရန် အတွက် ပုဂံခရီစဉ် ဒေသတွင် အချိန်နှင့်တပြေညီ ဖြစ်ပေါ်လာမည့် သတင်းအချက်အလက်များကို လာရောက်လည်ပတ်သည့် ပြည်တွင်း/ပြည်ပခရီးသွားများ သိရှိစေရန်နှင့် ခရီးသွားဧည့်သည်များသိရှိလိုသည့် သတင်းအချက်အလက်များကို တိကျမှန်ကန်စွာ ဖြေကြားရန် ပုဂံခရီးစဉ်ဒေသ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်တို့အား မှာကြားရှင်းလင်းခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)