ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သည့် ပညာရေးဘွဲ့(B.Ed) စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၀၂၂) သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်သည့် ပညာရေးဘွဲ့(B.Ed) စာပေးစာယူ ပထမနှစ်သင်တန်း(၁/၂၀၂၂) သင်တန်းသား/သင်တန်းသူများအား ကြိုဆိုပွဲ အခမ်းအနားကျင်းပ







MNP ၊  ဧပြီ  ၂၂

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် တွင်ဖွင့်လှစ်သည့် ပညာရေးဘွဲ့(B.Ed) စာပေးစာယူပထမနှစ် သင်တန်း(၁/၂၀၂၂)သင်တန်းသား/ သင်တန်းသူများအားကြိုဆိုပွဲ အခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီအချိန်က ကျောက်ဖြူခရိုင်၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၊ ပညာတန်ဆောင်ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားကို ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်တဲ့ ပညာရေးဘွဲ့ စာပေးစာယူ သင်တန်း၏ အဓိကရည်ရွယ်ချက်ကတော့ အခြေခံပညာဦးစီးဌာန အခြေခံပညာကျောင်းများမှာ လိုအပ်လျက်ရှိသောအရည်အသွေးပြည့်ဝသည့် အထက်တန်းပြ ဆရာ၊ဆရာမများ ဖြည့်ဆည်းပေး နိုင်ရန် ပညာရေးဘွဲ့(B.Ed) မရရှိသေးသည့် အလယ်တန်းပြ၊ အထက်တန်းပြ၊ မူလတန်းကျောင်းအုပ် ဆရာ/ဆရာမများအတွက် အဓိကရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ပညာရေးကောလိပ်(၂၅) ကျောင်းမှာ ပထမဆုံးအကြိမ်ဖွင့်လှစ်တဲ့ အပတ်စဉ်(၁/၂၀၂၂) သင်တန်းဖြစ်တဲ့အတွက်ကြောင့် ဒီသင်တန်းမှာ ကြိုးစားလေ့လာဆည်းပူးကြရင်းဖြင့် ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် သင်ကြားမှု အရည်အသွေးများတိုးတက်မြင့်မားရေးအတွက် အထောက်အကူပြုနိုင်တာကြောင့် ကြိုးစားလေ့လာ သင်ယူကြရန်နှင့် ဆရာ့ကျင့်ဝတ်၊ ဆရာ့သိက္ခာနှင့်အညီ ဆရာ့အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကြိုးမာန်တက်ဆောင်ရွက်ကြတိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောက်ဖြူ ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက ပညာရေးဘွဲ့(B.Ed) စာပေးစာယူပထမနှစ် သင်တန်း(၁/၂၀၂၂)သင်တန်းသား/သင်တန်းဖွင့်လှစ်ရခြင်းပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာတွင် ရခိုင်ပြည်နယ်(၁၇)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ စာရင်းရှိသင်တန်းသား/ သင်တန်းသူ (၂၉၁)ဦးဖြစ်ကာ၊ သင်တန်းလာရောက်တက်ရောက်သူ (၂၇၇)ဦးရှိပြီး သင်တန်း ကာလမှာ (၂၀.၄.၂၀၂၂)မှ (၂၅.၅.၂၀၂၂)ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ် ရေးမှူး ဦးတင်မြင့်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ကျောက်ဖြူပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီး ၊ ဒုကျောင်းအုပ်နှင့်သင်ကြားရေး ဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူးနှင့် သင်တန်းသား/သူ ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - ဖြိုးဝေလင်း၊ တင်ထွန်းဦး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)