ဘားအံပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံပညာရေးဒီဂရီကောလိပ်၌ ပညာရေးဘွဲ့(B.Ed) စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) ဖွင့်လှစ်





MNP - ဧပြီ   ၂၂

အခြေခံပညာဦးစီးဌာနရှိကျောင်းများတွင် လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် အထက်တန်းပြဆရာ၊ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေး ပညာရေးဘွဲ့(B.Ed) စာပေးစာယူ ပထမနှစ် (ပထမ အသုတ်) (၁/၂၂)သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ကရင်ပြည်နယ်၊ ဘားအံ မြို့၊ ပညာရေးဒီဂရီကောလိပ်သီရိခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုသောနိုင်ငံတိုင်းတွင် ပညာရေးသည် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကျောင်းသားလူငယ်များသည် ကိုယ်ပိုင်စွမ်းရည်ကို အပြည့်အဝအသုံးချ၍ စဉ်ဆက်မပြတ် သင်ယူလိုစိတ်ဖြင့် လက်တွေ့ဘဝတွင် အသုံးချနိုင်သော အရည်အသွေးရှိသည့် လေ့လာသင်ယူမှုစနစ်ကို တည်ဆောက်နေကြပြီဖြစ် ကြောင်း၊ အခြေခံပညာပြုပြင်ပြောင်းလဲရေးနှင့် လိုက်လျောညီထွေသော ဆရာ့အတတ်ပညာရေး၊ ဆရာ့ အရည်အသွေးမြင့်မားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးများ မြင့်မားလာစေရေးအတွက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ဘာသာရပ်တစ်ခု၏ အကြောင်းအရာကို သင်ကြားပို့ချရာတွင် လက်တွေ့ဘဝနှင့် ပေါင်းစပ်/ဆက်စပ်နိုင်သော၊ စဉ်းစားတွေးခေါ်သင်ကြားပေးနိုင်သော ဆရာ၊ဆရာမများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့ပြည်နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှသာ ပြည်နယ်အတွင်းရှိလူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆရာအတတ် ပညာများ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နေကြသော ဆရာ၊ဆရာမများအနေဖြင့် သိရှိစောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာ၍ ပါတီနိုင်ငံရေးကင်းရှင်းသော နိုင်ငံ့ဝန်ထမ်းများဘဝကို ခံယူကြစေလိုကြောင်း၊ ဆရာအတတ်ပညာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရန် အစဉ်အမြဲ လေ့လာ သင်ယူနေမည့် Life-Long-Learner များဖြစ်အောင် ကြိုးစားကြပါဟု တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းတက်ရောက်နေကြသော ဆရာ၊ဆရာမများအတွက် ငွေကျပ် ၄၈၆၀၀၀၀ (လေးဆယ့်ရှစ်သိန်း ခြောက်သောင်း)ကို ထောက်ပံ့ပေးအပ်ကာ သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမများက တို့တာဝန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ယနေ့ဖွင့်လှစ်သည့် ပညာရေးဘွဲ(B.Ed) စာပေးစာယူပထမနှစ်သင်တန်း(၁/၂၂)သို့ ကရင်ပြည်နယ် အတွင်းရှိ အထက်တန်းနှင့်အလယ်တန်း ဆရာ၊ဆရာမစုစုပေါင်း ၂၇၀ ဦး တက်ရောက်ကြပြီး ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ English Language Proficiency၊ အထူးပြု ဘာသာရပ်များ၏ သင်ပြနည်းနှင့် တတ်ကျွမ်းမှုဆိုင်ရာ ဘာသာရပ်များကို ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၅ ရက်နေ့ထိ ၃၆ ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကာ ဒုတိယအသုတ်ကိုလည်း မကြာ ခင်ကာလအတွင်း ထပ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်း သား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြား ခဲ့ကြောင်း သတင်းရသည်။

သတင်း  - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)